ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန်အတွက် စပါးအသင်းအနေဖြင့် များစွာကြိုးစားရဦးမည်ဟု နည်းပြ ကွန်တီ ဖွင့်ဟ

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန်အတွက် စပါးအသင်းအနေဖြင့် များစွာကြိုးစားရဦးမည်ဟု နည်းပြ ကွန်တီ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 4 August 2022

စပါးနည်းပြ ကွန်တီက မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန်အတွက် များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပါရီဆစ်၊ ဖရေဆာဖော်စတာ၊ ရစ်ချာလီဆန်၊ ဘစ်ဆူးမား၊ စပန့်နှင့် လွန်းဂလတ်တို့ကို ပေါင် (၈၇.၅) သန်းအသုံးပြုကာ ခေါ်ယူထားသည်။

သို့သော် ကွန်တီက ပရီးမီးယားလိဂ်တွင် ငွေသုံးတိုင်း ချန်ပီယံမဖြစ်နိုင်ကြောင်းနှင့် စပါးအသင်းအနေဖြင့် များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကွန်တီက ''အင်္ဂလန်မှာ သမိုင်းအရပဲကြည့်ကြည့်၊ ရင်းနှီးမြှုပ်နှံမှုအရပဲကြည့်ကြည့် လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ယူတို့က တခြားအသင်းတွေထက် ရှေ့ရောက်နေတာပါ။ ချယ်လ်ဆီးက လူကာကူနဲ့ ရူဒီဂါတို့နေရာမှာ စတာလင်နဲ့ ကူလီဘလီကို ခေါ်ယူထားတယ်။ မန်ယူကလည်း ငွေသုံးနိုင်တဲ့အသင်းပါ။ ဒါပေမဲ့ ငွေသုံးတိုင်း မအောင်မြင်နိုင်ပါဘူူး။ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းဟာ ငွေများစွာသုံးခဲ့ပေမဲ့ အဆင့်(၆)ပဲ ရခဲ့တယ်။ ကျွန်တော်တို့ ဖြည်းဖြည်းမှန်မှန်သွားရမှာပါ။ ချန်ပီယံဆု လိုချင်တယ်ဆိုရင်တော့ အများကြီးကြိုးစားရပါမယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent