မန်ယူနှင့်ပွဲတွင် အပိုင်အခွင့်အရေးကိုလွဲချော်ခဲ့သည့် ဒါဝင်နူနက်ဇ်အား သန်း (၁၀၀)တန် ဥရုဂွေးဗာနာဟု ဘောလုံးပရိသတ်များ လှောင်ပြောင်

မန်ယူနှင့်ပွဲတွင် အပိုင်အခွင့်အရေးကိုလွဲချော်ခဲ့သည့် ဒါဝင်နူနက်ဇ်အား သန်း (၁၀၀)တန် ဥရုဂွေးဗာနာဟု ဘောလုံးပရိသတ်များ လှောင်ပြောင်
Photo : Daily Mail
Photo : Daily Mail
Published 14 July 2022

လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်သည် မန်ယူအသင်းနှင့် ကစားခဲ့သည့်ခြေစမ်းပွဲတွင် ဂိုးရနိုင်မည့် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့သောကြောင့် လူမှုကွန်ရက်တွင် ဘောလုံးပရိသတ်များ၏ လှောင်ပြောင်မှုကို ခံနေရပြီး သန်း(၁၀၀)တန် ဥရုဂွေး တီမိုဗာနာဟု မှတ်ချက်ပြုခံခဲ့ရကြောင်း သိရှိရသည်။

ဇူလိုင်လ (၁၂)ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကစားခဲ့သည့် Bangkook Century Cup 2022 ခြေစမ်းပွဲ မန်ယူ (၄-ဝ) လီဗာပူူးလ်ပွဲတွင် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်သည် ပွဲချိန် (၆၂)မိနစ်တွင် လူစားဝင်ကစားပြီး လီဗာပူးလ်အတွက် စတင်ပွဲထွက်ခဲ့သည်။

အဆိုပါပွဲစဉ်၏ ပွဲချိန် (၈၆)မိနစ်တွင် ဆာလာကန်သွင်းလိုက်သည့် ဘောလုံးမှာ တိုင်ထိပြီး ဂိုးရှေ့တွင် အသင့်ရှိနေသည့် ဒါဝင်နူနက်ဇ်ရှေ့သို့ ကျလာခဲ့သည်။ မန်ယူဂိုးသမား ဟီတန်လဲနေသည့်အခြေအနေတွင် ဒါဝင်နူနက်ဇ်အနေဖြင့် ဂိုးပေါက်နှင့် အနီးကပ် အနေအထားမှ ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးပေါ်ထောင်သွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒါဝင်နူနက်ဇ်အနေဖြင့် မန်ယူနှင့်ပွဲမကစားမီ သွေးပူလေ့ကျင့်ခန်းပြုလုပ်ရာတွင် ဂိုးပေါက်နှင့် အနီးကပ်အနေအထားတွင် ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးဘားပေါ်ကျော်သွားသည့်အတွက် ဘောလုံးပရိသတ်များက လူမှုကွန်ရက်တွင် ၎င်းကို လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် အသက် (၂၂)နှစ်အရွယ် ဒါဝင်နူနက်ဇ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် (၆၄)သန်း Add-ons ကြေးများကိုပေါင်းပါက ပေါင် ၈၅ သန်း(ယူရိုသန်း ၁၀၀) အထိရှိလာနိုင်) ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဘောလုံးပရိသတ်များသည် မန်ယူနှင့်ပွဲမှ လွဲချော်မှုအတွက် လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို လူမှုကွန်ရက်တွင် လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ ဘောလုံးပရိသတ်များက "ဒါဝင်နူနက်ဇ် ကောင်းချက်ကတော့ သန်း ၁၀၀ ဆုံးပြီ" ၊ "သန်း ၁၀၀ တန် ဥရုဂွေး တီမိုဗာနာနှင့် တွေ့ဆုံလိုက်ပါ"၊ "ဒါဝင်နူနက်ဇ်ကစားတာ အဆိုးဆုံးပဲ" ၊ "လေ့ကျင့်ရေးလုပ်တုန်းကလည်း လွဲတာပဲ" စသည်ဖြင့် မှတ်ချက်များရေးသားခဲ့ကြသည်။

Most Read

Most Recent