လာမယ့်ရာသီသစ်မှာလည်း ဂါဘရီယဲလ်-ဘင်ဝှိုက် အတွဲကိုပဲ အာတီတာအနေနဲ့ အသုံးပြုဖို့ များပါတယ်။ ပါဘလိုမာရီနဲ့ ဟိုးလ်ဒင်းတို့ကတော့ အရန်ခုံမှာ ဆက်ရှိရင်ရှိ ဒါမှမဟုတ် အငှားဖြစ်ဖြစ်၊ အရောင်းဖြစ်ဖြစ်နဲ့ အသင်းကို စွန့်ခွာရနိုင်သူတွေပါ။ ဒါပေမဲ့ နောက်ထပ်လူငယ်ကစားသမားတစ်ယောက်ကတော့ အာဆင်နယ်နောက်တန်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရှိလာနိုင်ပါတယ်။ အာတီတာကိုယ်တိုင်ကလည်း "သူ အသင်းကို ပြန်လာရမယ်။ သူက အတွေ့ကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး ကျွန်တော်တို့အတွက်လည်း တကယ်ကို လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကတော့ သူ ဒီ(အာဆင်နယ်)မှာ ရှိခဲ့ရင် မာဆေးလ်အသင်းမှာ ကစားရတဲ့ ပွဲအရေအတွက်လောက် ကစားရမှာမဟုတ်ဘူး" လို့ ဆိုခဲ့ပါတယ်။ သူကတော့ တခြားကစားသမားမဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်က အာဆင်နယ်အသင်းနဲ့ ပရိုစာချုပ်ချုပ်ဆိုထား ပြီးပြီးခဲ့တဲ့ရာသီက မာဆေးလ်အသင်းမှာ အငှားသွားကစားခဲ့တဲ့ ပြင်သစ်လူငယ်နောက်ခံကစားသမား ဆာလီဘာ ဆိုသူပါပဲ။
အာတီတာရဲ့ အားထားရာဖြစ်လာမလား ဆာလီဘာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















