မန်စီးတီးအသင်းသည် အင်္ဂလန်ကြယ်ပွင့် ဖိုဒန်ကို (၆)နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းထားပြီး လစာအဖြစ် တစ်ပတ် ပေါင်(၂၀၀၀၀၀)အထိ တိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးလူငယ်အသင်းမှ ထွက်ပေါ်လာသည့် ဖိုဒန်(၂၂ နှစ်) သည် လက်ရှိအချိန်တွင် တစ်ပတ်ပေါင်(၁၀၀၀၀၀)သာရရှိနေပြီး ဇန်နဝါရီလက မန်စီးတီးအသင်းက တစ်ပတ်ပေါင်(၁၅၀၀၀၀) ဖြင့် သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ဖူးကြောင်း သိရသည်။
ယခု အခါ မန်စီးတီးအသင်းသည် စတာလင်နှင့် ဂျေးဇူးတို့ကို ရောင်းထုတ်ခဲ့ပြီးနောက် ဖိုဒန်ကို ရေရှည်ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ကာ စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဗြိတိန်မီဒီယာအချို့ကမူ ဖိုဒန်နှင့် မန်စီးတီးအသင်းကြား သဘောတူညီမှုရရှိထားပြီဟုလည်း ဖော်ပြနေကြသည်။















