ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စျေးတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စျေးတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ
Published 28 June 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စျေးတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး မြန်မာလုပ်သားတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဇွန် ၂၆ ရက်က ဘန်ကောက်မြို့၊ ဆမ်ဖမ်သာဝေါင်ခရိုင်ရှိ ဆမ်ပန်စျေးအနီးမှ ဆိုင်ခန်း တွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ ၃၄ နှစ်အရွယ်ရှိ မြန်မာ အလုပ်သမား ပတ်ချ်ဒူးနှင့် ၅၂ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ငွေကိုင်စာရေး ဂျီရာဖတ်ဆမ် မက်တို့ဖြစ်ကြောင်း သိရသည်။

ရတ်ချာဝေါင် ရန်ဂရောင်ကုမ္ပဏီက ပိုင် ဆိုင်သည့် သုံးထပ်အဆောက်အအုံတွင် သေ ဆုံးသူ နှစ်ဦးကို တွေ့ခဲ့ရကြောင်း ချက်ကရာ ဝတ်ရဲစခန်းမှ ဒုတိယရဲမှူးကြီး ပေါ်လာဝပ် ဖရွန်ဆွန်က ပြောကြားသည်။

မီးလောင်မှုမှာ အဆောက်အအုံအနီးရှိ ထရန်စဖော်မာတစ်လုံး ပေါက်ကွဲရာမှာ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆောက်အအုံရှိမီး လောင်လွယ်သည့်ပစ္စည်းများကြောင့် မီး လောင်မှုများ မြန်ဆန်ခဲ့ခြင်းဖြစ်ကြောင်း ဘန် ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မီးလောင်မှုကြောင့် ဆိုင်ခန်း ခြောက်ခန်း ပျက်စီးခဲ့ပြီး မီးလောင်မှုကို လာရောက်ကူညီ သည့် စေတနာ့ဝန်ထမ်းများအပါအဝင် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထရန်စဖော်မာပေါက်ကွဲရာမှ မီးလောင် မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုင်ခန်းတွဲပိုင်ရှင်က ဘန်ကောက် မြို့တော်လျှပ်စစ်အာဏာပိုင်အဖွဲ့ အနေဖြင့် ပစ္စည်းတွေကိုစစ်ဆေးပေးရန် တောင်းဆိုထားကြောင်း၊ မီးလောင်မှုကြောင့် ဘတ် ၁၀ သန်းခန့်ဆုံးရှုံးခဲ့ပြီး လျှပ်စစ်အာဏာ ပိုင်အဖွဲ့ကို တရားစွဲသွားမည်ဟုလည်း ဆိုင်ရှင် က ပြောကြားကြောင်း သတင်းတွင် ဖော်ပြထား သည်။

Most Read

Most Recent