နစကဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထပ်မံဖိတ်ခေါ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရန် ထုတ်ပြန်

နစကဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထပ်မံဖိတ်ခေါ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရန် ထုတ်ပြန်
မေ ၃၀ ရက်က နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
မေ ၃၀ ရက်က နစကဥက္ကဋ္ဌနှင့် UWSP ဒုတိယဥက္ကဋ္ဌတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်
Published 15 June 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်း ရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထပ်မံဖိတ်ခေါ်ခဲ့ပြီး ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့က ဇွန် ၁၅ ရက်တွင် ထုတ်ပြန် သည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်အ စိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးလိုလား တောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်ဦးတည်၍ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၂ ရက်တွင် ငြိမ်းချမ်းရေးမိန့်ခွန်းတစ်ရပ် ပြောကြား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဥက္ကဋ္ဌ/ခေါင်းဆောင်ဦးစီး အဖွဲ့ဝင် နှစ်ဦးဖြင့် ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် လက်မှတ်ရေး ထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ သုံးဖွဲ့တို့က လာရောက်ဆွေးနွေး မည်ဟု အကြောင်းပြန်ခဲ့ကြောင်း ဖော်ပြထား သည်။

ယခုအချိန်အထိ ငြိမ်းချမ်းရေးလာရောက် ဆွေးနွေးမည့် အဖွဲ့ ၁၀ ဖွဲ့အနက် အဖွဲ့ ခြောက် ဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံ၍  ငြိမ်းချမ်းရေးဆိုင် ရာကိစ္စရပ်များ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသခံများ၏ လူမှုစီးပွားဘဝ မြှင့် တင်ရေးနှင့် ဒေသတစ်ခုချင်းမှအစပြု၍ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး စု ပေါင်းနေထိုင်လျက်ရှိသည့် အမိပြည်ထောင် စုနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေး နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အပြုသဘော ဆောင်သည့်၊ ကောင်းမွန်သည့် တွေ့ဆုံဆွေး နွေးမှုရလာဒ်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍တွေ့ဆုံဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့လေးဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆက်လက်တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မြဲစွာ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းပြည်၏ ပကတိအနေ အထားနှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက် သည်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စသည် တို့ကို အသေးစိတ် အကြေအလည်ဆွေးနွေး အဖြေရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့်  NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ ရေးထိုးရခြင်းမရှိသေးသည့်     တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေ ဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို ကြည့် စေလိုပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် ထပ်မံဖိတ်ခေါ်အပ်ကြောင်း၊ တက် ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ် စားအဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် နှစ်ဦး၏ အမည်စာရင်းကို ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ပြန်ကြား ပေးစေလိုကြောင်း ဖော်ပြထားသည်။

Most Read

Most Recent