ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ယူကရိန်းနိုင်ငံသား အူဆိုက်နှင့် ဂျိုရှူအာတို့၏မကျေပွဲ လာမည့်သြဂုတ်လအတွင်း ထိုးသတ်ဖွယ်ရှိ

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ယူကရိန်းနိုင်ငံသား အူဆိုက်နှင့် ဂျိုရှူအာတို့၏မကျေပွဲ လာမည့်သြဂုတ်လအတွင်း ထိုးသတ်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 11 June 2022

 

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာနှင့် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ယူကရိန်းနိုင်ငံသား အိုလက်ဇန္ဒားအူဆိုက်တို့ ထိုးသတ်မည့်မကျေပွဲကို လာမည့် သြဂုတ်လ(၂၀)ရက်၌ အရှေ့ အလယ်ပိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

အူဆိုက်သည် ပြီးခဲ့သည့်နှစ်က ထိုးသတ်ခဲ့သည့် ချန်ပီယံစိန်ခေါ်ပွဲတွင် ဂျိုရှူအာအား အမှတ်ဖြင့်အနိုင်ယူကာWBA (Super) ၊ IBF နှင့် WBO ချန်ပီယံရွှေခါးပတ်များ လွှဲပြောင်းရယူနိုင်ခဲ့သည်။ မူလက မကျေပွဲကို ဇူလိုင်လ (၂၃)ရက်တွင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း အူဆိုက်၏ပွဲစီစဉ်သူ ခရက်စ်ယူက ပြင်ဆင်ချိန်ပိုရရန်အတွက် ရက်နောက်ဆုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ 

ယင်း မကျေပွဲကို လူ့အခွင့်အရေးချိုးဖောက် မှုများကြောင့် အငြင်းပွားဖွယ်ရာဖြစ်နေသည့် ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပသွားဖွယ်ရှိသည်။ အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်သူ ဂျိုရှူအာ ည် ဆော်ဒီအာရေဗျနိုင်ငံ၌ တစ်ပွဲ ထိုးသတ်ထားဖူပြီး ၂၀၁၉ ခုနှစ်က အန်ဒီရုဇ်ဂျူနီယာအား မကျေပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ဂျိုရှူအာနှင့်  အူဆိုက်မကျေပွဲ နှောင့်နှေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်တွင် ရုရှား၏ ယူကရိန်းအပေါ် ကျူး ကျော်စစ်ဆင်နွှဲခဲ့ပြီးနောက် မိခင်နိုင်ငံကိုကာကွယ်မည့် အူဆိုက်၏ဆုံးဖြတ်ချက်ကြောင့် မေလတွင် ထိုးသတ်ရန် စီစဉ်ထားသည့်ပွဲအား ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent