စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စည်သာကျေးရွာ အလကကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမြတ်အေးသည် ဇွန် ၅ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဇွန် ၅ ရက်နံနက် ၁၁ နာရီ ၁၅ မိနစ် ခန့်တွင် မုံရွာမြို့နယ် မုံရွာ-အရာတော် ကား လမ်း ဝဲဘက်ရွာတုံကျေးရွာလမ်းခွဲထိပ်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့ မြို့သစ်ရပ်ကွက်နေ စည်သာကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းခွဲမှ ကျောင်း အုပ် ဆရာမကြီးဖြစ်သူ ဒေါ်စိုးမြတ်အေး (၄၄)နှစ်အား ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲလက်မောင်းထိုးသွင်း ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က စုံစမ်းစစ်ဆေးမှုအရ PDF များက လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ထို့အတူ ဇွန် ၅ ရက်နံနက် ၈ နာရီခန့်တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့ အမှတ် (၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ခံရပြီး ကျောင်းခြံ စည်းရိုအုတ်တံတိုင်း နှစ်ပေခန့်ပွင့်ထွက် ကာ ခြံစည်းရိုးအနီးရှိ အဆောက်အဦ အမိုးသွပ် သုံးချပ်၊ မျက်နှာကျက်၊ တံခါးမကြီးနှင့် ပြတင်း တံခါးများ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရ သည်။
အလားတူ ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ အမှတ်(၂)ရပ် ကွက်၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ဆရာ/ဆရာမ နားနေဆောင်၌ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ ဆရာမများ နေထိုင်လျက်ရှိစဉ် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် PDF များက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းသုံးလုံး ဖြင့် ပစ်ပေါက်ခဲ့ရာ နားနေဆောင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့် အ ဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ထို့ပြင်ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းအား ဇွန် ၃ ရက် ည ၈ နာရီခန့်တွင် CAN/CDF အဖွဲ့က PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲခဲ့ပြီး မိုင်းပေါက်ကွဲမှု ကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက် စီးမှုမရှိကြောင်း သိရသည်။