Monkeypox (မျောက်ကျောက်ရောဂါ) ၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အရေပြားအနာပိုးဝင်ခြင်း၊ အဆုုတ်ရောင်ခြင်း၊ ပြည်တည်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ မျက်စိကွယ်ခြင်းတို့ဖြစ်ပွားနိုင်ရာမှ အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက နိုင်ငံပိုင်သတင်းစာတွင် ဖြေကြားထားချက်အရ သိရသည်။
ရောဂါကြောင့် သေဆုံးမှုအနေဖြင့် သုံးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်းအထိရှိပြီး ကလေးများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ခံအား လျော့နည်းသူများတွင် သေဆုံးမှုနှုန်း ပိုမိုမြင့်မားစွာ ခံစားရနိုင်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ယခင်တွေ့ရှိချက်များအရ အာဖရိက အလယ်ပိုင်း ကွန်ဂိုချိုင့်ဝှမ်းမျိုးစိတ် (Congo Basin Clade) သည် ရောဂါကြောင့်သေဆုံးနှုန်း ၁၀ ရာခိုင်နှုန်းအထိရှိခဲ့သည်ကို တွေ့ရပြီး အာဖရိကအနောက်ပိုင်းမျိုးစိတ်သည် ရော ဂါကြောင့်သေဆုံးနှုန်း တစ်-ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
Monkeypox (မျောက်ကျောက်ရောဂါ) ကူးစက်ခံရသူအများစုသည် နှစ်ပတ်မှ လေးပတ်ခန့်အတွင်း ပြန်လည်ကောင်းမွန်လေ့ရှိ သော်လည်း ကလေးများ၊ နာတာရှည်ရောဂါ အခံရှိသူ၊ ကိုယ်ခံအားလျော့နည်းသူများတွင် ရောဂါပြင်းထန်စွာ ခံစားရနိုင်ကြောင်း သိရ သည်။
MONKEYPOX ရောဂါနှင့် ရောဂါလက္ခဏာချင်းဆင်တူပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် ရေကျောက်ရောဂါသည် ရင်ဘတ်၊ နောက်ကျော စသည့်ခန္ဓာကိုယ်ပေါ် တွင် အရေပြားပေါ်အရည်ကြည်ဖုငယ်များ စတင်ထွက်လာခြင်းဖြစ်ပြီး ယားယံမှုကိုပါ တွဲဖက် ခံစားရလေ့ရှိကာ မျောက်ကျောက်ရော ဂါကဲ့သို့ စတင်လက္ခဏာပေါ်စဉ်ကတည်း က ပြန်ရည်ကျိတ်များ ကြီးမားရောင်ရမ်းလာခြင်း မျိုးမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အသိပညာမြှင့်တင်ရေးဌာနမှ ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။
ခန္ဓာကိုယ်အတွင်း MONKEYPOX ဗိုင်း ရပ်စ် စတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြသည်အထိ ရောဂါပျိုးချိန်ကာလရှိပြီး ပုံမှန် အားဖြင့် ခြောက်ရက်မှ ၁၃ ရက်ခန့်ကြာတတ် ပြီး အနည်းဆုံး ငါးရက်မှ အများဆုံး ၂၁ ရက် အထိဖြစ်ကြောင်း ၎င်းင်း၏ပြောကြား ချက်အရ သိရသည်။
ရောဂါလက္ခဏာများအနေဖြင့် အဆင့် နှစ်ဆင့်ရှိပြီး ပထမအဆင့်အနေဖြင့် ဗိုင်းရပ်စ် သည် ခန္ဓာကိုယ်အတွင်း စတင်ကျူးကျော်ဝင် ရောက်သည့် ကာလဖြစ်ပြီး အချိန်အကြာဆုံး ငါးရက်ခန့်အထိ ကြာမြင့်နိုင်ကြောင်း သိရ သည်။ ထိုအချိန်တွင် ရောဂါလက္ခဏာများ အနေဖြင့် ဖျားခြင်း၊ ခေါင်းပြင်းထန်စွာကိုက် ခြင်း၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတွင်ရှိ သည့် ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွား လာခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲ့ခြင်း၊ အလွန်အမင်း အားအင်ကုန်ခန်းခြင်းတို့ ဖြစ်ပေါ်လေ့ရှိပြီး ကွဲပြားထင်ရှားသည့်လက္ခဏာသည် အစော ပိုင်းကတည်းမှ ပြန်ရည်ကျိတ်များရောင်ရမ်း ကြီးထွားလာခြင်းဖြစ်ကြောင်းနှင့် ယင်းသည် ကျောက်ရောဂါ၊ ရေကျောက်ရောဂါနှင့် ဝက် သက်ရောဂါများကဲ့သို့ အရေပြားပေါ်တွင် အရည်ကြည်ဖု၊ အကွက်များထွက်ခြင်းတူ သည့် ရောဂါများနှင့် သိသာစွာကွဲပြားသည့် အချက်ဖြစ်ကြော င်း ၎င်းင်းကပြောကြားသည်။
ဒုတိယအဆင့်အနေဖြင့် စတင်ဖျား၍ တစ်ရက်မှ သုံးရက်ခန့်တွင် အရေပြားပေါ်၌ အကွက်များထွက်လာခြင်း၊ ကိုယ်လုံးပေါ် ထက် မျက်နှာနှင့်ခြေ၊ လက်များပေါ်တွင် ပိုပြီး ထွက်ကြောင်း၊ ကူးစက်ခံရသူများ၏ ၉၅ ရာ ခိုင်နှုန်းသည် မျက်နှာပေါ်၊ ၇၅ ရာခိုင်နှုန်း သည် လက်ဖဝါး၊ ခြေဖဝါးပေါ်၊ ရာခိုင်နှုန်း ၇၀ သည် ပါးစပ်ထဲ၊ ရာခိုင်နှုန်း ၃၀ သည် လိင် အင်္ဂါပေါ်၊ ရာခိုင်နှုန်း ၂၀ သည် မျက်လုံးတွင် ပေါ်တတ်ကြောင်း သိရသည်။















