ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် လူ ၁၀ ဦးခန့်က ဝင်ရောက်၍ ဓားပြခြိမ်းခြောက်ပြီး လက်ဝတ်ရတနာနှင့် ငွေများလုယက် ယူဆောင်သွား

ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် လူ ၁၀ ဦးခန့်က ဝင်ရောက်၍ ဓားပြခြိမ်းခြောက်ပြီး လက်ဝတ်ရတနာနှင့် ငွေများလုယက် ယူဆောင်သွား
Published 30 May 2022

ယနေ့ (မေ ၃၀ ရက်) နံနက်ပိုင်းက အသက် ၈၀ ကျော်အဘွားအိုတစ်ဦးနှင့် အိမ်အကူအမျိုးသမီးတို့ နေအိမ်တိုက်ခန်းအတွင်း ရှိနေစဉ် လူ ၁၀ ဦးခန့်က ဝင်ရောက်၍ ဓားပြခြိမ်းခြောက်ပြီး လက်ဝတ်ရတနာနှင့် ငွေများ လုယက်ယူဆောင်သွားကြောင်း သိရသည်။

အသက် ၈၀ ကျော်အဘွားအိုတစ်ဦးနှင့် အိမ်အကူအမျိုးသမီးတို့ နေအိမ်တိုက်ခန်းအတွင်းရှိနေစဉ် လူ ၁၀ ဦးခန့်က ဝင်ရောက်၍ ဓားပြခြိမ်းခြောက်ပြီး လက်ဝတ်ရတနာနှင့် ငွေများလုယက်မှု ကြည့်မြင်တိုင်မြို့နယ်တွင် မေ ၃၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

မေ ၃၀ ရက်၊ နံနက် ၇ နာရီကျော်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၊ တိုက်အမှတ် (၂၀) (ပထမထပ်)သို့ လူ ၁၀ ဦးခန့်မှ ဝင်ရောက်ကာ နေအိမ်အတွင်းရှိ အသက် ၈၈ အရွယ်အဘွားအိုတစ်ဦးနှင့် အိမ်အကူအမျိုးသမီးတို့အား ဓားပြခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းနောက်အဘွားအိုဝတ်ဆင်ထားသည့် ရွှေလက်စွပ်နှစ်ကွင်းနှင့် လက်ကောက်တစ်ကွင်း၊ အိမ်အကူအမျိုးသမီးဝတ်ဆင်ထားသည့် ရွှေနားကပ်တို့အား ချွတ်ယူခဲ့ကြောင်း သိရသည်။

“အိမ်မှာက အမျိုးသမီးသုံးဦးဘဲနေတာပါ။ အဘွားရယ် သူ့ချွေးမရယ် အိမ်အကူတစ်ယောက်ရယ်နေတာ။ ဖြစ်တဲ့အချိန်မှာ ချွေးမဖြစ်သူက စျေးသွားနေတဲ့အချိန်ပါ။ လူဆယ်ယောက်လောက်က အိမ်တံခါးဖွင့်ဝင်လာတယ်။ အဘွားကို သုံးယောက်လောက်က ဓားပြပြီး ဝတ်ထားတဲ့ ရွှေတွေကို တောင်းတယ်။ နောက်အဖွဲ့က အိမ်နောက်ဖေးမှာရှိတဲ့ အိမ်အကူဆီသွားပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ အိမ်အကူ လက်ကို ကြိုးတုပ်ပြီး ပါးစပ်ထဲအဝတ်စထည့်ပြီး ကြမ်းပြင်ပေါ်မှာ မှောက်ထားခိုင်းတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ယင်းနောက် နေအိမ်အတွင်းရှိ အဝတ်ဗီဒိုများ၊ သေတ္တာများအား ရိုက်ခွဲရှာဖွေရာ သိမ်းဆည်းထားသည့် ငွေကျပ် ဆယ်သိန်းအား လုယက်ယူဆောင်သွားကြောင်း မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လာလုတဲ့သူတွေမှာ ဓားတစ်ချောင်းနဲ့သံတုတ်တစ်ချောင်းပါတယ်။ ဗီဒိုမှန်တွေကို ရိုက်ခွဲတယ်။ အိမ်ထဲမှာရှိတာအကုန်လုံးကို မွှေနောက်ရှာသွားတာ။ အဘွားသိမ်းထားတဲ့ ဆယ်သိန်းလောက်ပါသွားတယ်။ ဖြစ်တဲ့အချိန်က ၁၅ မိနစ်လောက်ဘဲကြာတယ်။ အောက်မှာက ကားအဲကွန်းပြင်တဲ့ ဆိုင်နဲ့ဆေးဆိုင်ရှိတယ်။ ဒါပေမယ့် ဖြစ်တဲ့အချိန်က စောတော့ဆိုင်တွေက မဖွင့်သေးဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားသည့် အပေါ်ထပ်အခန်းတွင် အဘွားအို၏ သားဖြစ်သူနေထိုင်ပြီး လုယက်သွားချိန်အား မသိရှိလိုက်ကြောင်း သိရသည်။

“အဘွားတို့ အပေါ်ထပ်တိုက်ခန်းမှာ သူ့သားနဲ့မြေးနေထိုင်တာပါ။ အခင်းဖြစ်တဲ့ချိန် အိမ်အကူအမျိုးသမီးပါးစပ်ထဲ အဝတ်ထည့်ထားတော့ အော်လို့မရဘူး။ လာလုတဲ့သူတွေက အဘွားရဲ့ ချွေးမစျေးသွားတဲ့အချိန်မှာ လုပ်တာပါ။ လာလုတဲ့သူတွေက အဘွားဆီက ဆွဲကြိုးကိုလည်း တောင်းတယ်။ ဒါပေမယ့် အဘွားက အဲ့အချိ်န် ဆွဲကြိုးမဆွဲထားတော့ အတင်းတောင်းတယ်။ ဒါပေမယ့် သော့မရှိတော့ ဆွဲကြိုးမပါသွားဘူး။ လာလုတဲ့ သူတွေက ဒီအိမ်အကြောင်းကို သိနေတဲ့သူတွေလို့ ထင်ပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား မိသားစုဝင်များက ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး စခန်းမှလည်း အမှုဖွင့်ကာ ကျုးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent