■ ကောင်းကင်ဘုံနဲ့ ဒဏ်ရာရက်စွဲတွေအကြောင်း

■ ကောင်းကင်ဘုံနဲ့ ဒဏ်ရာရက်စွဲတွေအကြောင်း
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 5 March 2022
အယ်နီညို

ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ်ပွဲစဉ်ရဲ့ ပွဲချိန် (၅၂)မိနစ်မှာ ဒိန်းမတ်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင် လူစားဝင်ကစားတယ်။ ဒါက အဲရစ်ဆင်ကို ပရိသတ်တွေရှေ့မှောက် မြက်ခင်းစိမ်းတွေပေါ် ပထမဆုံးအကြိမ် ပြန်မြင်ခဲ့ရတာပါ။ သူ့အတွက် ရက်ပေါင်း (၂၅၉)ရက်အကြာမှာ ဘောလုံးပြန်ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗြိတိန်မီဒီယာတွေကတော့ ဒီဖြစ်ရပ်က အားကစားလောကမှာ အမှတ်ရဖွယ် အကောင်းဆုံးဇာတ်လမ်းတွေထဲက တစ်ပုဒ်လို့ ဖော်ညွှန်းခဲ့ကြတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ၊ ယူရိုပြိုင်ပွဲမှာ ကွင်းထဲလဲကျခဲ့ပြီးနောက် အဲရစ်ဆင် နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ရတယ်။ အဲဒီနောက် နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ခဲ့ရတဲ့ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ နှလုံးခုန်နှုန်းထိန်းစက်(ICD) တပ်ဆင်ပြီး ကစားတဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တယ်။ 

 

 

Most Read

Most Recent