■ မန်ယူအသင်း၏ နည်းပြသစ် လျာထားစာရင်းတွင် အန်ဆယ်လော့တီ ပါဝင်လာ

■ မန်ယူအသင်း၏ နည်းပြသစ် လျာထားစာရင်းတွင် အန်ဆယ်လော့တီ ပါဝင်လာ
Photo: Getty Images
Photo: Getty Images
Published 4 March 2022

မန်ယူအသင်းသည် လာမည့်နွေရာသီ တွင် အမြဲတမ်းနည်းပြတစ်ဦး ခန့်အပ်မည်ဖြစ်ပြီး ယင်းရာထူးအတွက် လျာထားစာရင်းတွင် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီလည်း ပါဝင်လာကြောင်း မီဒီယာများက ဖော် ပြလျက်ရှိသည်။ 

    

မန်ယူအသင်းအနေဖြင့် PSG နည်းပြ ပိုချက်တီနိုနှင့် အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ဂ်တို့ကို ခန့်အပ်နိုင်ရန် ကာလရှည် ပစ်မှတ်ထားနေသော်လည်း လျာထားစာရင်းတွင် ၀ါရင့်နည်းပြ အန်ဆယ်လော့တီလည်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ 

အန်ဆယ်လော့တီ (၆၂ နှစ်) သည် မန်ယူအသင်း ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူဖြစ်ပြီး ဖာဂူဆန်အနေဖြင့် နည်းပြသစ်ခန့်အပ်ရေးအတွက် အမှုဆောင်ချုပ်သစ်ဖြစ်သူ ရစ်ချက်အာနိုးလ်ကို အကြံပေးရာတွင် အန်ဆယ်လော့တီကိုပါ ထည့်သွင်းထားနိုင်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြနေခြင်းဖြစ်သည်။ 

မန်ယူအသင်း၏ ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ကမူ နွေရာသီတွင် အမြဲတမ်းနည်းပြခန့်အပ်ရေးအတွက် လုပ်ဆောင်နေပြီဟု ပြောကြားခဲ့သည်။

Most Read

Most Recent