စစ်ပွဲကာလအတွင်း ဥရောပစူပါလိဂ် ပြန်လည်စတင်ရန် စီစဉ်နေသည့် ကလပ်အသင်းများကို အခြားစကြာဝဠာတွင်နေသူများဟု UEFA ဥက္ကဋ္ဌ ဝေဖန်

စစ်ပွဲကာလအတွင်း ဥရောပစူပါလိဂ် ပြန်လည်စတင်ရန် စီစဉ်နေသည့် ကလပ်အသင်းများကို အခြားစကြာဝဠာတွင်နေသူများဟု UEFA ဥက္ကဋ္ဌ ဝေဖန်
Photo: UEFA
Photo: UEFA
Published 4 March 2022

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ၏ ဥက္ကဋ္ဌဖြစ်သူ ဆယ်ဖာရင်က ရုရှား-ယူကရိန်း စစ်ရေးအခြေအနေကြောင့် ကမ္ဘာတစ်ဝှမ်း စိုးရိမ်ထိတ်လန့်နေကြချိန်တွင် ဥရောပစူပါလိဂ်ကို ပြန်လည်စတင်ရန် စီစဉ်နေသည့် ကလပ်အသင်းများကို အခြားစကြဝဠာတွင် နေထိုင်ကြသူများဖြစ်သည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

ဥရောပစူပါလိဂ်ပြိုင်ပွဲအား ပထမအကြိမ် ကြိုးပမ်းမှုမှာ ပျက်ပြယ်ခဲ့သော်လည်း ယခုအချိန်တွင် ဂျူဗင်တပ်စ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့သည် ယင်းအစီအစဉ်ကို ပြန်လည်စတင်ရန် ကြိုးပမ်းနေကြခြင်းလည်းဖြစ်သည်။

ယခုအချိန်တွင်  ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌဖြစ်သူ အဂ္ဂနယ်လီသည် ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ဆယ်ဖာရင်က ''ကျွန်တော်ပြောချင်တာကတော့ စူပါလိဂ်ဆိုတဲ့အကြောင်းပြောတာဟာ ဘောလုံးအကြောင်းပြောတာမဟုတ်ပါဘူး။ ဒီဘောလုံးမဟုတ်တဲ့ ပရောဂျက်အကြောင်းကို ပြောရတာလည်း ကျွန်တော် အရမ်းစိတ်ပျက်ပါတယ်။ ဒီလူတွေအကြောင်း ကျွန်တော် နည်းနည်း ပိုပြောရမလား။ ကမ္ဘာကြီးအတွက် စိုးရိမ်ထိတ်လန့်စရာဖြစ်နေတဲ့ အချိန်မှာ ဒီအကြောင်းကို အရေးတယူလုပ် ပြောနေတဲ့သူတွေဟာ ဒီစကြဝဠာမှာ နေသူတွေမဟုတ်ဘဲ အပြိုင်စကြဝဠာမှာ နေထိုင်နေကြသူတွေပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent