မက်ဆီသည် ကြီးကျယ်ခမ်းနားသည့် ကစားသမားတစ်ဦးဖြစ်ပြီး ခြေစွမ်းပိုကောင်းလာသည်ဟု အသင်းဖော် ဘာပေ ချီးကျူး

မက်ဆီသည် ကြီးကျယ်ခမ်းနားသည့် ကစားသမားတစ်ဦးဖြစ်ပြီး ခြေစွမ်းပိုကောင်းလာသည်ဟု အသင်းဖော် ဘာပေ ချီးကျူး
Photo: AFP
Photo: AFP
Published 28 February 2022

 

PSG အသင်းတိုက်စစ်မှူး မက်ဆီသည် ကြီးကျယ်ခမ်းနားသည့် ကစားသမားတစ်ဦးဖြစ်ပြီး ခြေစွမ်းပိုကောင်းလာသည်ဟု အသင်းဖော် ဘာပေက စိန့်အက်တီယန်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

ယင်းပွဲတွင် ဘာပေသွင်းယူသည့်(၂)ဂိုးစလုံးကို မက်ဆီကဖန်တီးပေးခဲ့ပြီး လီဂူးပြိုင်ပွဲ၏ ဂိုးဖန်တီးမှုအများဆုံးစာရင်းတွင် ဘာပေနှင့်အတူ ထိပ်ဆုံး၌ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

"သူ(မက်ဆီ)က ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဝသစ်၊ မြို့တော်သစ်နဲ့ ကလပ်အသင်းသစ်မှာ နေသားကျဖို့ ကြိုးပမ်းနေရတဲ့သူဆိုတာ ကျွန်တော်တို့ သိနေလို့ပါ။ Ballon d'Or ဆုကို (၇)ကြိမ် ရရှိထားသူဟာ လိုက်လျောညီထွေဖြစ်တဲ့ စွမ်းဆောင်မှုမျိုး ရှိရပါလိမ့်မယ်။ ဒါပေမဲ့ သူက ပိုပိုပြီးတောင်ကောင်းလာပါတယ်။ သူလည်း ပျော်ရွှင်နေတယ်။ ပထမရာသီဝက်တုန်းကတော့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ဒါက ကျွန်တော်တို့မှာ ကြီးမြတ်တဲ့ မက်ဆီတစ်ယောက်ရှိတာက ပိုကောင်းတယ်ဆိုတာပါ။ သူနဲ့အတူကစားရတာက လွယ်ပါတယ်။ ကြီးမြတ်တဲ့ကစားသမားတွေနဲ့အတူ အမြဲတမ်းကစားလိုပြီး  ကျွန်တော်တို့မှာ ကွင်းထဲပေါက်ကွဲနိုင်တဲ့ စွမ်းအားစုလည်း ရှိနေပါတယ်" ဟု ဘာပေက ပြောကြားခဲ့သည်။ 

ဘာပေသည် ယင်းပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခြင်းကြောင့် PSG အသင်းသမိုင်းတစ်လျှောက်တွင် ဒုတိယသွင်းဂိုးအများဆုံးဖြစ်သည့် အီဘရာဟီမိုဗစ်၏ဂိုးအရေအတွက်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။ PSG နည်းပြ ပိုချက်တီနိုက ဘာပေကို မယုံနိုင်လောက်စရာကောင်းသည့် ကစားသမားဟု ချီးကျူးခဲ့သည်။ 

PSG အသင်းသည် ယခုရာသီတွင် ရှုံးနိမ့်နေရာမှ အနိုင်ပြန်ယူနိုင်သည့်ပွဲ (၆)ပွဲအထိရှိလာပြီး စံချိန်တင်အရေအတွက်လည်းဖြစ်သည်။

 

Most Read

Most Recent