အက်စ်ပန်ညိုနှင့် လာလီဂါပွဲတွင် (၄)ဂိုးသွင်းယူခဲ့သည့် ဗီလာရီးယဲလ် လူငယ်တိုက်စစ်မှူး ပင်နို စံချိန်မှတ်တမ်းကောင်းများတင်ရှိခဲ့

 အက်စ်ပန်ညိုနှင့် လာလီဂါပွဲတွင် (၄)ဂိုးသွင်းယူခဲ့သည့် ဗီလာရီးယဲလ် လူငယ်တိုက်စစ်မှူး ပင်နို စံချိန်မှတ်တမ်းကောင်းများတင်ရှိခဲ့
Photo: Getty Images
Photo: Getty Images
Published 28 February 2022

 

အက်စ်ပန်ညိုအသင်းအား (၅-၁) ဂိုးဖြင့်အနိုင်ရသည့် လာလီဂါပွဲစဉ်တွင် ဗီလာရီးယဲလ်အသင်းအတွက် (၄)ဂိုးအထိသွင်းယူခဲ့သည့် တောင်ပံကစားသမား ပင်နိုသည် စံချိန်မှတ်တမ်းကောင်းများတင် ရှိနိုင်ခဲ့ကြောင်း သိရသည်။

စပိန်လက်ရွေးစင်ကြယ်ပွင့်ကစားသမား ပင်နိုသည် အက်စ်ပန်ညို နှင့်ကစားခဲ့သည့်ပွဲတွင် ၎င်း၏အသက်မှာ (၁၉)နှစ်၊ (၁၃၀)ရက်သာရှိသေးပြီး ဗီလာရီးယဲလ်အသင်း၏ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူနှင့် အသက်အငယ်ဆုံး ဟက်ထရစ်သွင်းသူအဖြစ် စံချိန်မှတ်တမ်းတင်ရှိနိုင်ခဲ့သည်။ 

ပင်နိုသည် အက်စ်ပန်ညိုအသင်းအား ပထမပိုင်း၌ပင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆-၀၇ ရာသီမှ စတင်ရေတွက်ပါက လက်ရှိ ဘာစီလိုနာတိုက်စစ်ကစားသမား ဒမ်ဘီလီ (၁၈ နှစ်၊ ၂၉၆ ရက်၊ ၂၀၁၆ ခုနှစ်က ရန်းစ်အသင်းနှင့်)၏နောက် ဥရော ပထိပ်တန်းလိဂ် (၅)ခု၏ အမှတ်ပေးပွဲစဉ်များတွင် ပွဲချိန်ပထမပိုင်း၌ ဟက်ထရစ်သွင်းယူနိုင်သည့် ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ပင်နိုသည် အက်စ်ပန်ညို အသင်း၏ စပိန်ဝါရင့်ဂိုးသမား ဒီယေဂိုလိုပက်ဇ် (၄၀ နှစ်)အား လာလီဂါပွဲစဉ်တစ်ပွဲအတွင်း (၄)ဂိုးနှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent