ယူကရိန်း-ရုရှား တင်းမာမှုက ဘောလုံးလောကကို ဘယ်လောက်ထိ ရိုက်ခတ်နိုင်သလဲ

ယူကရိန်း-ရုရှား တင်းမာမှုက ဘောလုံးလောကကို ဘယ်လောက်ထိ ရိုက်ခတ်နိုင်သလဲ
Published 24 February 2022

လက်ရှိတွင် ပေါ်ပေါက်နေသည့် ယူကရိန်း-ရုရှားတင်းမာမှုကြောင့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် လာမည့် မေ (၂၈)ရက်တွင် ကျင်းပရန်စီစဉ်ထားသည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကွင်းပြောင်းကျင်းပရဖွယ်ရှိနေပြီး ယင်းတင်းမာမှုက ဘောလုံးလောကအပေါ်  မည်သို့ရိုက်ခတ်နိုင်မည်ကို Daily Mail က အောက်ပါအတိုင်းဖော်ပြခဲ့သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲ - မေ (၂၈)ရက်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ၌ ကျင်းပရန်စီစဉ်ထားသည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကွင်းပြောင်းလဲကျင်းပရဖွယ်ရှိပြီး ယင်းအတွက် အခြေအနေစောင့်ကြည့်နေကြောင်း UEFA က ဆိုထားသည်။

ဝင်ဘလေကို ပြောင်းမလား - လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကွင်းပြောင်းလဲကျင်းပမည်ဆိုပါက ဝင်ဘလေကွင်းနှင့် စပါးအသင်း၏အိမ်ကွင်းတွင် လက်ခံကျင်းပရန် အသင့်ရှိကြောင်းဆိုခဲ့သည်။

UEFA နှင့် ရုရှား ဆက်စပ်မှုရှိသလား - ရုရှားအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ Gazprom သည် UEFA ၏ အဓိကစပွန်ဆာတစ်ခုဖြစ်ပြီး ချန်ပီယံလိဂ်နှင့် ယူရို-၂၀၂၄ ပြိုင်ပွဲကို စပွန်ဆာပေးထားသည်။

ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ် - ဗြိတိန်ပါလီမန်က ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နှင့် ရုရှားသူဌေးများကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

ကစားသမားများအပေါ် သက်ရောက်နိုင်သလား - ပရီးမီးယားလိဂ်တွင် ယူကရိန်းကစားသမား (၃)ဦးရှိသည်။ ၎င်းင်းတို့မှာ ဇင်ချန်ကို(မန်စီးတီး)၊ ယာမိုလန်ကို(ဝက်စ်ဟမ်း)နှင့် မီကိုလန်ကို(အဲဗာတန်)တို့ဖြစ်သည်။ လက်ရှိတွင် အင်္ဂလန်လိဂ်များ၌ ကစားနေသည့် ရုရှားကစားသမားမရှိပေ။

ယင်းနယ်မြေများတွင် အင်္ဂလန်ကလပ်များ ကစားရန်ရှိသလား - စီနီယာ အဆင့်တွင် မရှိပေ။ UEFA လူငယ်လိဂ်တွင် လီဗာပူးလ်ယူ-၁၉ အသင်းသည် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နှင့် တွေ့ဆုံနေပြီး ကြားကွင်းတွင် ကစားရန် တောင်းဆိုဖွယ်ရှိနေသည်။

စကော့တလန်-ယူကရိန်းပွဲ - ၂၀၂၂ ကမ္ဘာ့ဖလား Play-offs အဖြစ် မတ် (၂၄)ရက်၌ စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့တွင် ကစားရမည်ဖြစ်ပြီး  ကစား၊ မကစားမှာမူ မသေချာသေးပေ။

ယူကရိန်းလိဂ် ပြန်စမလား - ဆောင်းရာသီနားရက်ပြီးနောက် ယခုတစ်ပတ်တွင် ပြန်ကျင်းပရန်စီစဉ်နေပြီး စိုးရိမ်မှုများ မြင့်တက်နေသည်။

Most Read

Most Recent