မလေးရှားနိုင်ငံတွင် မျိုးဆက်အလိုက် ဆေးလိပ်ကင်းစင်စေရန် လုပ်ဆောင်သည့် ရည်ရွယ်ချက်တစ်ခုအဖြစ် ၂၀၀၅ ခုနှစ် နောက်ပိုင်း မွေးဖွားသူများကို ဆေးလိပ်သောက်ခွင့်နှင့် လက်ဝယ်ပိုင်ဆိုင်ခွင့် တားမြစ်မည့် ဥပဒေသစ်တစ်ရပ် ထုတ်ပြန်သွားမည်ဟု ကျန်းမာရေးဝန်ကြီး ခါအီရီ ဂျာမာလူဒင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့ သည်။
ယင်းဥပဒေပြဋ္ဌာန်းမှုသည် အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် ကင်ဆာ ရောဂါဖြစ်စေနိုင်သည့်ဆေးလိပ်နှင့် ဆေး ရွက်ကြီးကို ထိတွေ့မှုကို လျှော့ချရာရောက် သည်ဟု ဂျာမာလူဒင်က ဆိုသည်။ “အဲဒီဥပဒေကို လွှတ်တော်က အတည်ပြုလိုက်မယ်ဆိုရင် နိုင်ငံအတွင်း အသက် ၁၇ နှစ်နဲ့ အောက် လူငယ်တွေဟာ ဆေးလိပ်ဝယ်လို့မရတော့ပါဘူး” ဟု ဂျာမာလူဒင်က ကျန်းမာရေး ဝန်ကြီး ဌာန၏ ကင်ဆာရောဂါနေ့တွင် ပြောကြားခဲ့သည်။
ဆေးလိပ်သောက်သုံးခြင်းသည် သေဆုံးမှုများကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သော်လည်း ယင်းကို တရားရေးအရ အရေးယူလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ၎င်းကဆိုသည်။
ထိုပြင် ဆေးလိပ်သောက်သုံး မှုနှင့်ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းခြင်း၏ အလားအလာကိုလည်း ပြီးခဲ့သည့်လက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအဝေးတွင် တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။














