အိန္ဒိယနိုင်ငံတွင် ဖေဖော်ဝါရီ ၄ ရက်၌ COVID-19 ကြောင့် သေဆုံးသူစုစုပေါင်း ၅၀၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားသော်လည်း ကျွမ်းကျင်သူများကမူ COVID-19ကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်သည် တရားဝင် သေဆုံးသူဦးရေထက် ပိုမို များပြားနိုင်ဖွယ်ရှိသည်ဟု ယူဆထားကြသည်။
အိန္ဒိယ၏ ဖက်ဒရယ် ကျန်းမာရေးဝန် ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်ချက်အရ ဖေဖော် ၀ါရီ ၄ ရက်တွင် နေ့အလိုက် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၀၇၂ ဦးရှိသည့်အတွက် ဗိုင်း ရပ်စ်ကြောင့် သေဆုံးသူပေါင်း ၅၀၀,၀၅၅ ဦး အထိ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူး စက်ခံရသူပေါင်း ၄၁.၉ သန်းရှိပြီး ကမ္ဘာတစ် ဝန်းတွင် အမေရိကန်ပြီးလျှင် ဗိုင်းရပ်စ်ကူး စက်ခံရသူ ဒုတိယအများဆုံးဖြစ်သည်ဟုစာ ရင်းအင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲ ကြောင့် မကြာသေးမီ သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မြင့် တက်ခဲ့သော်လည်း မကြာသေးမီရက်ပိုင်းအ တွင်း ကူးစက်မှုနှုန်း နှေးကွေးလာခဲ့ကာ ကျန်း မာရေးဝန်ကြီးဌာန၏ လွန်ခဲ့သည့်သီတင်းပတ် တွင် ထုတ်ပြန်ချက်အရ နိုင်ငံ၏ အစိတ်အ ပိုင်းအများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ် စဉ်သည် ပြောင်းလဲမှုမရှိကြောင်း ဖော်ပြချက် များရှိနေသည်ဟု ဆိုသည်။
အိုမီခရွန်လှိုင်းသည် သေဆုံးမှုများနှင့် ဆေးရုံတက်ရောက်မှုများကို ဖြစ်စေလိမ့်မည် မဟုတ်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သော်လည်း ပြည်နယ်အများအပြားတွင်အ သွားအလာကန့်သတ်ချက်များ ပြဋ္ဌာန်းခဲ့ပြီး လက်ရှိတွင် ယင်းစည်းမျဉ်းများကို စတင်ဖြေ လျှော့နေသည်။
မြို့တော်အပါအဝင် ဒေလီဒေသတစ် ၀ိုက်ရှိ အာဏာပိုင်များက အထက်တန်းစာ သင်ကျောင်းများ၊ ကောလိပ်များ၊စားသောက် ဆိုင်များနှင့် အားကစားခန်းမများကိုလာမည့် သီတင်းပတ်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွား မည်ဟု ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့်နှင့် ဒုတိယအ ကြိမ် လေထုညစ်ညမ်းမှုကြောင့် နှစ်နှစ်နီးပါ ကြာ ပိတ်ထားခဲ့ပြီးနောက် အသက် လေးနှစ် မှ ၁၄ နှစ်ကြား ကျောင်းသားများသည်ဖေ ဖော်ဝါရီ ၁၄ ရက်တွင် စာသင်ကျောင်းများကို ပြန်လည်တက်ရောက်ရမည်ဟု ဒေလီ၏ဒုဝန် ကြီးချုပ် မာနစ်ရှ် ဆီဆိုဒီယာက Twitter တွင် ဖော်ပြခဲ့သည်။
အိန္ဒိယသည် လွန်ခဲ့သည့်နှစ်က ဒယ်တာ ဗိုင်းရပ်စ်မျိုးကွဲကြောင့် ကူးစက်မှုနှုန်းအဆိုး ဆုံးအခြေအနေကို တွေ့ကြုံခံစားခဲ့ရပြီးယင်း မျိုးကွဲသည် အိန္ဒိယ၏ ကျန်းမာရေးစောင့် ရှောက်မှု စနစ်အား ပြိုလဲလုနီးပါးဖြစ်ခဲ့သည်။
အိန္ဒိယသည်လွန်ခဲ့သည့်နှစ်က ဗိုင်း ရပ်စ်ကြောင့် အမှန်တကယ်သေဆုံးသူအရေ အတွက်သည် ၅၀၀,၀၀၀ အထိ ရောက်ရှိခဲ့ ဖွယ်ရှိသည်ဟု စိစစ်သုံးသပ်သူအများအပြား က ယူဆထားကြသည်။
ဆေးရုံများတွင်အောက်ဆီဂျင် ပြတ်လပ်မှုများ ကြုံတွေ့နေပြီး လူနာများသည် ဆေးဝါး အရင်းအမြစ်များ ရရှိရန် အပူတပြင်းကြိုးပမ်း နေရသောကြောင့် ယခုကူးစက်မှုလှိုင်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀,ဝဝဝထက် မနည်း ရှိခဲ့သည်။
အိန္ဒိယတရားရုံးချုပ်က ပြည်နယ်အာဏာပိုင်များအား မိသားစုဝင်များကို နစ်နာကြေးထောက်ပံ့ရန် အမိန့်ထုတ်ပြန်ခဲ့သောကြောင့် ယခုလများအတွင်း ပြည်နယ်အများအပြားသည် ၎င်းတို့၏ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ အရေအတွက်ကို ပြန်လည်ချိန်ညှိနေပြီး စာရင်းထဲသို့ မထည့်ရသေးသည့် သေဆုံးမှုများကို စာရင်းသွင်းနိုင်ရန် လုပ်ဆောင်နေသည်။














