စက်ရုံအလုပ်ရုံအချို့တွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးမှ အလုပ်ခန့်ထားခြင်း၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စေခြင်းများ ပြုလုပ်လာ

စက်ရုံအလုပ်ရုံအချို့တွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးမှ အလုပ်ခန့်ထားခြင်း၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စေခြင်းများ ပြုလုပ်လာ
Published 3 February 2022

စက်ရုံအလုပ်ရုံအချို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးမှ အလုပ်ခန့်ထားခြင်း၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စေခြင်းများ ပြုလုပ်လာကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံလုပ်သားအချို့ထံမှ သိရသည်။

“ကျွန်မတို့ စက်ရုံက အလုပ်သမားတွေကိုလည်း ကာကွယ်ဆေးထိုးပေးတယ်။ တချို့ ဆေးမထိုးရသေးဘူးဆိုရင်လည်း ဆေးထိုးဖို့ စီစဉ်ပေးတယ်။ စက်ရုံမှာတော့ ဆေးမထိုးရသေးတဲ့သူ မရှိသလောက်ပဲ” ဟု လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အ လုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အချို့စက်ရုံများတွင် လုပ်သားခေါ်ယူရာ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပြီးစီးခြင်းရှိမရှိ မေးမြန်းခြင်းများရှိကြောင်း အလုပ်သွားရောက်လျှောက်ထားခဲ့သူအချို့ ထံမှ သိရသည်။

“အလုပ်ခန့်ဖြစ်ရင်တော့ သူတို့ကာကွယ် ဆေးထိုးပေးမယ်တဲ့။ လူတွေ့အင်တာဗျူးမှာ တော့ ဆေးထိုးထားလား မထိုးရသေးဘူးလား မေးတယ်” ဟု စက်ရုံတစ်ရုံတွင် အလုပ် လျှောက်ထားသူတစ်ဦးက ပြောကြားသည်။

အချို့စက်ရုံများတွင် ကာကွယ်ဆေး မထိုးရသေးသူများအနေဖြင့် လုပ်ငန်းခွင် အတွင်း ဝင်ရောက်လုပ်ကိုင်ရန် ခက်ခဲကြောင်း သိရသည်။

“ညီမတစ်ယောက်က အသက်က ၁၈ နှစ်ပြည့်ဖို့ လပိုင်းလောက်လိုနေတယ်။ စက်မှု ဇုန်တွေမှာ ဇုန်ကော်မတီတွေက ကာကွယ် ဆေးထိုးပေးတာရှိတယ်။ သူကျတော့ အသက် မပြည့်သေးတော့ ကာကွယ်ဆေးထိုးခွင့် မရ ဘူး။ အပြင်မှာ ထိုးဖို့ကျတော့လည်း တစ်ခါထိုး ရင် သောင်းဂဏန်းဆိုတော့ မတတ်နိုင်ဘူး။ စက်ရုံကတော့ ကာကွယ်ဆေးထိုးပြီးမှ အလုပ် ပြန်လုပ်ခိုင်းတယ်။ အပြင်မှာဆေးထိုးပြီးတော့ မှပဲ အလုပ်ဝင်နိုင်မယ့်အခြေအနေပဲလေ” ဟု ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်တစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည့် စက်ရုံလုပ်သားတစ် ဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်အချို့တွင် ဇုန်ကော်မတီမှ စက်ရုံလုပ်သားများကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ခုတွင် လုပ်သား ၂၂၀၀ ကျော်ကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ လုပ်သား ၇၁၈ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင်လည်း COVID-19 ရောဂါအတည်ပြုလူနာ ၁၀ ဦး တွေ့ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုအရ တွေ့ရှိရ သည့်ရောဂါပိုးမှာ အိုမီခရွန်ရောဂါပိုးဖြစ်သည် ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

အဆိုပါ လူနာများအနက် ရောဂါလက္ခ ဏာရှိသူ သုံးဦးကို သတ်မှတ်ဆေးရုံတွင်လည်း ကောင်း၊ ကျန်လူနာခုနစ်ဦးအား သီးခြားခွဲခြား ထားရှိ၍လည်းကောင်း ကုသစောင့်ရှောက်မှု ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးအခြေအ နေမှာ ကောင်းမွန်လျက်ရှိကာ ၎င်းတို့နှင့် အနီးကပ်ထိတွေ့သူများအား အသွားအလာကန့် သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ယင်းကြောင့် ဖေဖော်ဝါရီ ၂ ရက်အထိ  အိုမီခရွန်ရောဂါပိုးတွေ့ရှိသူဦးရေ စုစုပေါင်း  ၃၂၀ ဦး ရှိပြီဖြစ်သည်။

အိုမီခရွန်ရောဂါပိုးမှာ ပြည်တွင်းကူးစက်မှုများ ရှိလာပြီဖြစ်သဖြင့် COVID-19 စည်းကမ်းများကို လိုက်နာရန် လိုအပ်ကြောင်း ဝန် ကြီးဌာနက ထုတ်ပြန်သည်။

ပြည်တွင်းကူးစက်မှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၈ ရက် ထုတ် ပြန်ချက်အရ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၇၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ၄၈ ဦးနှင့် ကလေးမြို့မှ ၂၀ ဦး၊ အဆိုပါဒေသ များမှ ရောက်ရှိလာသူများမှတစ်ဆင့် ထပ်မံ ကူးစက်ခံရသူသုံးဦးနှင့် COVID-19 ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဇော်မင်းနိုင်

Most Read

Most Recent