လီဗာပူးလ်အသင်းတွင် ကစားသမားဘဝကုန်ဆုံးလိုကြောင်း အာနိုးလ်ပြောကြား

လီဗာပူးလ်အသင်းတွင် ကစားသမားဘဝကုန်ဆုံးလိုကြောင်း အာနိုးလ်ပြောကြား
Published 21 October 2018

 

လီဗာပူးလ်အသင်း လူငယ်နောက်ခံကစားသမား အာနိုးလ်က ၄င်းအနေဖြင့် လီဗာပူးလ်အသင်းတွင်သာ ကစားသမားဘဝ ကုန်ဆုံးလိုကြောင်း ပြောကြားခဲ့သည်။

အသက် (၂၀) အရွယ်ရှိ အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီးလီဗာပူးလ်အသင်းနှင့်အတူ ထွန်းတောက်လာခဲ့သည့်အတွက် ၄င်းကိုခေါ်ယူရန်ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြသည်။

သို့သော် အာနိုးလ်က ၄င်းအတွက်လီဗာပူးလ်အသင်းထက် ပိုကောင်းသည့်အသင်းမရှိကြောင်းနှင့် ကစားသမားဘဝတစ်လျှောက်လုံး လီဗာပူးလ်အသင်းတွင်သာကစားလိုကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာနိုးလ်က '' ကျွန်တော့်အတွက်တော့ လီဗာပူးလ်အသင်းထက်ပိုကောင်းတဲ့နေရာမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝတစ်လျှောက်လုံး လီဗာပူးလ်အသင်းမှာပဲ ကစားသွားလိုပါတယ်။ ဒါဟာကျွန်တော့်ရဲ့အိပ်မက်ပါ။ လီဗာပူးလ်က

အရမ်းထူးဆန်းတဲ့အသင်းပါ။ ဘာလို့လဲဆိုတော့ ဒီအသင်းမှာ နိုင်နိုင်ရှုံးရှုံးအားပေးတဲ့ပရိသတ်တွေရှိပါတယ်။ ၂၀၀၅ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အေစီမီလန်အသင်းကို ပထမပိုင်းမှာ (၃) ဂိုးပြတ်ရှုံးနေပေမယ့် ဒုတိယပိုင်းမှာ You'll Never Walk Alone ဆိုတဲ့

သီချင်းကိုကြားနေရဆဲပဲလို့ ကစားသမားဟောင်းတွေက ကျွန်တော့်ကိုပြောပြဖူးပါတယ်။ ဒီလိုပရိသတ်မျိုးအသင်းတိုင်းမှာမရှိပါဘူး။ တချို့အသင်းပရိသတ်တွေက အသင်းရှုံးနေရင် ထပြန်သွားတတ်ပေမယ့် လီဗာပူးလ်ပရိသတ်တွေကတော့

ပွဲပြီးဆုံးချိန်အထိ အမြဲတမ်းအားပေးကြပါတယ်'' ဟုပြောကြားခဲ့သည်။

အာနိုးလ်သည် လီဗာပူးလ်အသင်းကြီးတွင် ၂၀၁၆-၁၇ ဘောလုံးရာသီက စတင်ပွဲထွက်ခွင့်ရခဲ့ပြီး လက်ရှိအချိန်အထိအသင်းအတွက် ပြိုင်ပွဲစုံတွင် ပွဲပေါင်း (၅၀)အထိကစားထားသလို၊ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း (၄)

ပွဲပါဝင်ကစားထားကြောင်းသိရသည်။