ဘော်ဒိုးအသင်းသည် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရသည်။
တန်းဆင်းဇုန်အတွင်း ရောက်ရှိနေသည့် ဘော်ဒိုးအသင်းသည် လက်ရှိနည်းပြ ပက်ကိုဗစ်ကို ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေပြီဖြစ်ပြီး အွန်နရီကို အစားထိုးခန့်အပ်ရန် ချိန်ရွယ်နေခြင်းလည်းဖြစ်သည်။
အွန်နရီ(၄၄ နှစ်)သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဘယ်လ်ဂျီယံအသင်း၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ယင်းရာထူးတွင် ဆက်ရှိမည်ဖြစ်သည်။
သို့သော် ဘော်ဒိုးအသင်းက ၎င်းကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။















