■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 8 January 2022

လိုက်ပ်ဇစ် - မိန့်ဇ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၀၀ နာရီ)

လိုက်ပ်ဇစ်က အိမ်ကွင်းနောက်ဆုံးပွဲမှာ အာမီးနီးယားကိုတောင် အရေးနိမ့်ထားပြီး နောက်ဆုံး(၅)ပွဲမှာ တစ်ပွဲအနိုင်ရခဲ့တယ်။ မိန့်ဇ်ရဲ့အဝေးကွင်းရလဒ်ညံ့လို့ လိုက်ပ်ဇစ်အသင်း ဒီတစ်ပွဲတော့ နိုင်ပွဲပြန်ရမယ်။ 

 

လေဗာကူဆင် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၀၀ နာရီ)

လေဗာကူဆင်အသင်း အမှတ်ပေးပွဲ (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ အိမ်ကွင်းမှာတော့ အခြေအနေကောင်းနေဆဲပါပဲ။ အူန်ယွန်းဘာလင်က မာကျောမှုရှိပေမဲ့ အခုပွဲမှာတော့ လေဗာကူဆင်ကိုပဲ ပိုကြိုက်တယ်။

 

ဖရိုင်းဘတ် - အာမီးနီးယား (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၀၀ နာရီ)

အာမီးနီးယားအသင်းက (၂)ပွဲဆက်နိုင်ပြီး တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ အားယူနေတယ်။ ဒါပေမဲ့ အဆင့်ချင်းကွာလို့ ဖရိုင်းဘတ် အနိုင်သေချာတယ်။

 

ဟော်ဖန်ဟင်မ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၀၀ နာရီ)

အော့စ်ဘတ်ရဲ့ရလဒ်ပိုင်းမဆိုးပေမဲ့ ဟော်ဖန်ဟင်မ်ကို ယှဉ်နိုင်လောက်တဲ့အင်အားမျိုး မရှိလောက်ဘူး။ ဟော်ဖန်ဟင်မ် နိုင်ပွဲပြန်ယူလိမ့်မယ်။

 

ဂရိုင်သာဖက်သ် - စတုဂတ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၀၀ နာရီ)

ဂရိုင်သာဖက်သ်အသင်း အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ (၄)မှတ်အထိ ယူထားတာ တွေ့ရတယ်။ ဒီပွဲလည်း ဂရိုင်သာဖက်သ်အသင်း အမှတ်ထပ်ရမယ်ထင်တယ်။

 

ဖရန့်ဖတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၁၂:၀၀ နာရီ)

ဖရန့်ဖတ်ကွင်းမှာ ကစားတဲ့ပွဲတိုင်း အကြိတ်အနယ်ဖြစ်လေ့ရှိပြီး နောက်ဆုံး(၄)ပွဲဆက်တိုက် သရေကျထားခဲ့တယ်။ ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ (၉)မှတ်ကွာအနေအထားက ဒေါ့မွန်အတွက် ပြန်လိုက်နိုင်ဖို့ ခက်ခဲသွားတယ်ဆိုပေမဲ့ လွယ်လွယ်နဲ့တော့ လက်လျှော့မယ်မထင်ဘူး။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ အနားရထားလို့ ဒေါ့မွန်ကစားသမားတွေ လန်းဆန်းမှုရှိနေတာကိုလည်း ထည့်တွက်ရမယ်။ ဖရန့်ဖတ်ကတော့ အိမ်ကွင်း နိုင်ပွဲဆက်နေပြီး ဥရောပပြိုင်ပွဲမရှိချိန်မှာ ပြည်တွင်းပွဲတစ်ခုတည်းရှိလို့ ပိုပြီးအားထည့်လာနိုင်တယ်။ ဖရန့်ဖတ်နဲ့ပဲ စွန့်စားတာပိုကောင်းမယ်။

 

Most Read

Most Recent