■ FA ဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက်

■ FA ဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 8 January 2022

ဘန်လေ - ဟတ်ဒါဖီးလ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၇:၀၀ နာရီ)

နှစ်သင်းစလုံးက ဒီအဆင့်မှစပြီး ပါဝင်လာတဲ့ ပရီးမီး ယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ်အသင်းတွေဖြစ်တယ်။ ဘန်လေက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ ဒီနှစ် ပရီးမီးယားလိဂ်မှာ ပုံစံကောင်းမပြနိုင်ဘူးဖြစ်နေတယ်။ နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေ မှာလည်း နိုင်ပွဲမရှိဘဲ သရေပွဲနဲ့ ရှုံးပွဲတွေချည်းဖြစ်နေတာ တွေ့ရတယ်။ ဟတ်ဒါဖီးလ်က လိဂ်ချန်ပီယံရှစ်မှာ အမှတ်ပေးဇယား အဆင့် (၆)နေရာမှာရှိနေပြီး တောက်လျှောက်ပုံစံကောင်းပြနေတယ်။ ဘန်လေထက် ပို Rhythm မှန်နေတယ်။ သရေကျသွားနိုင်တယ်။ 

 



မီဝေါလ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၇:၁၅ နာရီ)

မီဝေါလ်က လိဂ်ချန်ပီယံရှစ်ရဲ့အဆင့် (၁၁) နေရာမှာ ရပ်တည်နေပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ်ရဲ့ အဆင့် (၁၁)နေရာမှာ ရပ်တည်နေတယ်။ နောက်ပိုင်းကစား ခဲ့တဲ့ပွဲတွေမှာလည်း နှစ်သင်းစလုံးရဲ့ရလဒ်ပိုင်းက သိပ်မကွာဘူးလို့ ပြောနိုင်တယ်။ လူအင်အားက ခရစ္စတယ်ပဲလေ့စ်သာတာ ငြင်းလို့မရပေမဲ့ မီဝေါလ်အသင်းရဲ့အိမ်ကွင်းပွဲစဉ်ဖြစ်နေလို့ ခရစ္စတယ်ပဲလေ့စ်အသင်း ခက်ခက်ခဲခဲ ကစားရလိမ့် မယ်ထင်တယ်။ လိဂ်ချန်ပီယံရှစ်အသင်းတွေရဲ့ တောင့်တင်းမှုကြောင့် သရေကျသွားနိုင်တယ်။ 

 

ဝက်စ်ဘရွန်း - ဘရိုက်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

ဝက်စ်ဘရွန်းအသင်းက လိဂ်ချန်ပီယံရှစ်မှာ နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဒါကြောင့် အမှတ်ပေးဇယားမှာ အဆင့် (၄)နေရာအထိ ကျဆင်းသွားခဲ့တယ်။ ဘရိုက်တန်အသင်းကတော့ ပရီးမီးယားလိဂ်မှာ မာကျောတဲ့ ခြေစွမ်းနဲ့ ရလဒ်ကောင်းတွေကို ပြသနေတဲ့အသင်းဖြစ်ပြီး ဝက်စ်ဘရွန်းထက် ခြေစွမ်းနဲ့ စုဖွဲ့မှုသာတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ အရမ်းကွာဟနေတဲ့ အနေအထားမဟုတ်သလို၊ ဝက်စ်ဘရွန်းအသင်းရဲ့အိမ်ကွင်းလည်းဖြစ်နေလို့ ဘရိုက်တန်အသင်း ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ ဝက်စ်ဘရွန်းကို ကြိုက်တယ်။ 

 

လက်စတာ - ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

လက်စတာအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လီဗာပူးလ်ကို အိမ်ကွင်းမှာ အနိုင် ကစားခဲ့တယ်။ ဝက်ဖို့ဒ်ရဲ့လက်ရှိခြေစွမ်းကလည်း အဆိုးရွားဆုံးအနေအထားဖြစ်တယ်။ FA ဖလားပွဲက လက်စတာတို့လိုအသင်းတွေ ပစ်မှတ်ထားပြီး ခြေစွမ်းပြလေ့ရှိတဲ့ ပြိုင်ပွဲ မျိုးလည်းဖြစ်တယ်။ လက်ရှိခြေစွမ်း၊ လူအင်အား၊ စိတ်ဓာတ်ပိုင်း အစစအရာရာကွာနေလို့ လက်စတာပဲ နိုင်လိမ့်မယ်။ 

 

ပို့တ်ဗေးလ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

ဘရန့်ဖို့ဒ်အသင်း ခြေပြန်တက်နေချိန်ဖြစ်ပြီး ဒီပြိုင်ပွဲကိုလည်း သူတို့လိုအသင်းတွေအတွက်တော့ အာရုံစိုက်ကစားမှာ သေချာတယ်။ ဘရန့်ဖို့ဒ်က ဖလားပွဲတွေမှာလည်း ပုံစံကောင်းပြ နိုင်လေ့ရှိပါတယ်။ ပို့တ်ဗေးလ်ကွင်းမှာ ကစားရမယ်ဆိုပေမဲ့ ဘရန့်ဖို့ဒ် အနိုင်သေချာတယ်။ 

 

နယူးကာဆယ် - ကမ်းဘရစ်ချ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

နယူးကာဆယ်အသင်းက ရလဒ်ပိုင်းတောက်လျှောက် ကျဆင်းနေပြီးမှ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အင်အားကြီးအသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ယူအသင်းဆီက တစ်မှတ်ယူနိုင်ခဲ့တယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ရလဒ်တွေ ဆိုး၊ နိုင်ပွဲပျောက်နေတာကို အဆုံးသတ်ဖို့ အခြေအနေကောင်းလို့လည်း ပြောရမယ်။ ကမ်းဘရစ်ချ်က အသင်းငယ်လေးတစ်သင်းဖြစ်သလို၊ ကစားသမားအများစုကလည်း အရည်အသွေးနိမ့် ကစားသမားတွေပါ။ နယူးကာဆယ်အသင်းရဲ့ကွင်းလည်း ဖြစ်လို့ နယူးကာဆယ် အနိုင်သေချာပါတယ်။ 

 

ဆွမ်ဆီး - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၁၂:၀၀ နာရီ)

တစ်ချိန်က ပရီးမီးယားလိဂ်မှာအသင်းကောင်းတစ်သင်းအဖြစ် ခြေစွမ်းပြခဲ့ဖူးတဲ့ ဆွမ်ဆီးအသင်းက အခုလက်ရှိ အခြေအနေမှာတော့ လိဂ်ချန်ပီယံရှစ်ရဲ့ ဇယားအောက်နားကို ရောက်နေတယ်။ ရလဒ်ပိုင်းကလည်း ကျဆင်းနေပြီး နောက်ဆုံး (၃)ပွဲ ဆက်တိုက် ရှုံးပွဲတွေတွေ့ခဲ့တယ်။ ဆောက်သမ်တန်အသင်း ကတော့ ခရစ္စတယ်ပဲလေ့စ်၊ စပါးတို့ကို သရေကစားပြီး ဝက်စ်ဟမ်းကို အနိုင်ကစားခဲ့လို့ ပုံမှန်ခြေစွမ်းပြန်ရလာပြီလို့ ဆိုနိုင်တယ်။ ဆောက်သမ်တန်ကို ကြိုက်တယ်။ 

 

ချယ်လ်ဆီး - ချက်စတာဖီးလ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၁၂:၀၀ နာရီ)

ချက်စတာဖီးလ်က Nation League ပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံး ရပ်တည်နေတဲ့အသင်းဖြစ်တယ်။ ခြေစွမ်းပြပြီး နိုင်ပွဲတွေလည်း ယူနေတာတွေ့ရတယ်။ ချယ်လ်ဆီးကတော့ နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ပိုင်း  အနည်းငယ် ကျဆင်းနေတာ တွေ့ရတယ်။ အရမ်းဆိုးရွားတာမျိုးတော့ မဟုတ်ဘဲ ပုံမှန်ထက် အားကောင်းနေဆဲလို့လည်း ပြောလို့ရပါတယ်။ ချက်စတာဖီးလ်နဲ့ လူအင်အား၊ ခြေစွမ်း၊ လိဂ်အဆင့်အတန်း အပြတ်အသတ် ကွာခြားသလို၊ အိမ်ကွင်းလည်းဖြစ်နေလို့ ဂိုးမိုးရွာနိုင်တယ်။ 

 

ဟားလ်စီးတီး - အဲဗာတန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၁၂:၀၀ နာရီ)

ဘင်နီတက်ဇ်ရဲ့အဲဗာတန်က ဖိအားတွေများနေပြီး ရလဒ်ပိုင်းကလည်း အားရစရာမရှိဘူး။ ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အဲဗာတန်ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင်နေရတယ်။ ဟားလ်စီးတီးအသင်းက လိဂ်ချန်ပီယံရှစ်အသင်းတစ်သင်းပါ။ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ သိပ်အားရစရာမရှိတဲ့ အနေအထားလည်းဖြစ်နေတယ်။ အဲဗာတန် ဒီပွဲတော့ အသာစီးရဖို့များပါတယ်။ အဲဗာတန်ကို ကြိုက်တယ်။ 

 

■ အခြားပွဲစဉ်များ

မန်းစ်ဖီးလ် - မစ်ဒယ်ဘရော့* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၆:၄၅ နာရီ)

*ကိုဗင်ထရီ - ဒါဘီ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၇:၀၀ နာရီ)

ဟာတယ်ပူးလ် - ဘလက်ပူးလ်* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၇:၀၀ နာရီ)

*ဘရစ္စတိုးလ်စီးတီး - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၇:၀၀ နာရီ)

ဘိုးဟမ်းဝုဒ် - ဝင်ဘယ်လ်ဒန်* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

ကစ်ဒါမင်စတာ - ရက်ဒင်း* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

ဝီဂန် - ဘလက်ဘန်း* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

*ဘန်စလေ - ဘာရိုး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

*ပီတာဘရော့ - ဘရစ္စတိုးလ်ရိုဗာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

ှ*QPR - ရော့သာဟမ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၉:၃၀ နာရီ)

*ဘာမင်ဂမ် - ပလိုင်းမောက် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၈ ရက် ည ၁၂:၀၀ နာရီ)

ယိုဗေးလ် - ဘုန်းမောက်* (မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် နံနက် ၀၀:၁၅ နာရီ)

Most Read

Most Recent