ဆောက်သမ်တန်အသင်း၏ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ဆားဘီးယားဘီလျံနာ ဆိုလက်ခ် ဦးဆောင်သည့် Sport Republic ဝယ်ယူ

ဆောက်သမ်တန်အသင်း၏ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ဆားဘီးယားဘီလျံနာ ဆိုလက်ခ် ဦးဆောင်သည့် Sport Republic ဝယ်ယူ
Photo: Getty Images
Photo: Getty Images
Published 6 January 2022

ဆားဘီးယားဘီလျံနာ ဒရာဒန်ဆိုလက်ခ် ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  Sport Republic က ဆောက်သမ်တန်အသင်း၏ ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

Sport Republic သည် တရုတ်သူဌေး ဂါအိုဂျီချန်ထံမှ ဆောက်သမ်တန်အသင်း၏ ရှယ်ယာ(၈၀)ရာခိုင်နှုန်းကို ပေါင်သန်း (၂၀၀)ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘောလုံးအသင်းများ ထပ်မံဝယ်ယူသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဆားဘီယားဘီလျံနာ ဆိုလက်ခ် ဦးဆောင်သည့် Sport Republic သည် မန်စီးတီးအသင်းပိုင်ရှင် City Group၊ လိုက်ပ်ဇစ်အသင်းပိုင်ရှင် Red Bull Group တို့ကဲ့ သို့ဖြစ်လာရန် မျှော်မှန်းနေကြောင်း သိရသည်။

Sport Republic ကို ဦးဆောင်သည့် ဆားဘီးယားဘီလျံနာ ဆိုလက်ခ်မှာ telecoms နှင့် မီဒီယာလုပ်ငန်းများကို လုပ်ကိုင်သူဖြစ်ပြီး ၎င်းင်း၏ကြွယ်ဝမှုမှာ ပေါင် (၁)ဘီလီယံ ကျော်ကြောင်း Daily Mail က ဖော် ပြခဲ့သည်။

အသင်းပိုင်ရှင်သစ်များသည် ဆောက်သမ်တန်အသင်းကို ပရီးမီးယားလိဂ်တွင် အင်အားကြီးအသင်းဖြစ်လာရန် ရည်မှန်းနေကြောင်း သိရှိရသည်။

Most Read

Most Recent