ဆန်းချက်ဇ်အမည်နှင့် ကျောနံပါတ်(၇)ရိုက်နှိပ်ထားသော မန်ယူဂျာစီများ လန်ဒန်မြို့အတွင်း ရောင်းချနေ

ဆန်းချက်ဇ်အမည်နှင့် ကျောနံပါတ်(၇)ရိုက်နှိပ်ထားသော မန်ယူဂျာစီများ လန်ဒန်မြို့အတွင်း ရောင်းချနေ
Published 19 January 2018

ဆန်းချက်ဇ်အမည်နှင့် ကျောနံပါတ်(၇)ရိုက်နှိပ်ထားသော မန်ယူဂျာစီများကို လန်ဒန်မြို့၊ အောက်စ်ဖို့ဒ်
ရှိ Adidas စတိုးဆိုင်တွင် ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ မန်ယူအသင်းသည် ချီလီလက်ရွေးစင်
တောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို ခေါ်ယူရန် အလွန်နီးစပ်နေပြီး ယနေ့(သောကြာနေ့)တွင်
အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် တစ်ပတ်လစာပေါင်(၃၅၀၀၀၀)အပြင် ပုံရိပ်အသုံးပြုခအတွက်
ပေါင်(၁၀၀၀၀၀)ရရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် ပေါင်(၇.၅)သန်းဖြင့် (၄)နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။
အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးက မန်ယူသို့ ဆန်းချက်ဇ် ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု အတည်
ပြုခဲ့သော်လည်း အချိန်မရွေးပျက်ပြယ်သွားနိုင်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ အာစင်ဝင်းဂါးက-အပြောင်း
အရွှေ့ကိစ္စတွေကို ကျွန်တော် လုပ်ဆောင်လာခဲ့တာ နှစ်ပေါင်း(၃၀)အထိရှိနေပါပြီ။ ဆန်းချက်ဇ်ရဲ့အပြောင်း
အရွှေ့က ဖြစ်ပေါ်လာဖို့ရှိပါတယ်။ ဒါပေမဲ့ အချိန်တိုင်း၊ မိနစ်တိုင်းမှာ အပြောင်းအရွှေ့ဆိုတာက ပျက်ပြယ်သွား
နိုင်တာမျိုးပါ။ ဒါက အပြောင်းအရွှေ့လောကမှာ ဖြစ်နေကျ သဘောတရားတစ်ခုပါပဲ-ဟု ပြောကြားခဲ့သည်။

REF:Daily Mail

Most Read

Most Recent