အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် ဘာစီလိုနာအသင်းမှ အမေရိကန်နောက်ခံလူ ဆာဂျီညိုဒက်စ်၏ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။
ဆာဂျီညိုဒက်စ်(၂၁ နှစ်)သည် ဘာစီလိုနာအသင်းကို နည်းပြသစ် ဇာဗီ ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း အနာဂတ်မရေမရာဖြစ်လာခဲ့ပြီး ယူရို(၃၅)သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ခံရတော့မည်ဟု သတင်းထွက်နေသည်။
ဘာစီလိုနာအသင်းသည် ငွေသားဖြင့် ကမ်းလှမ်းလာသည့်အသင်းထံ ၎င်းအား ရောင်းထုတ်ရန် ဆန္ဒရှိနေပြီး အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်တို့က ဇန်နဝါရီတွင် ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရသည်။















