လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြား၊ အုပ်စုတစ်ခုနဲ့ တစ်ခုကြား၊ နိုင်ငံတစ်ခုနဲ့ တစ်ခုကြားမှာ ဖြစ်ပေါ်လာတဲ့ အမြင်မတူညီမှု၊ သဘောထားကွဲလွဲမှုတွေကနေ ရန်ပွဲတွေ ဖြစ်မလာအောင်၊ ပဋိပက္ခတွေ ဖြစ်မလာအောင်၊ စစ်ပွဲတွေ ဖြစ်မလာအောင် ငြိမ်းချမ်းရေးက ဆောင်ကြဉ်းပေးစွမ်းနိုင်တယ်။ ဒါကြောင့် လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြား၊ အုပ်စုတစ်ခုနဲ့ တစ်ခုကြား၊ နိုင်ငံတစ်ခုနဲ့ တစ်ခုကြားမှာ ငြိမ်းချမ်းရေးပဋိညာဉ်တွေ ချုပ်ဆိုထားရှိကြတာဖြစ်တယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာက ကမ္ဘာကြီးအတွက် သိပ်လှတဲ့ ပန်းတစ်ပွင့်ပါပဲ။















