■ မန်ယူအသင်းမှထွက်ခွာရန် ကာဗာနီကို ဘာဘာတော့ဗ် တိုက်တွန်း 

■ မန်ယူအသင်းမှထွက်ခွာရန် ကာဗာနီကို ဘာဘာတော့ဗ် တိုက်တွန်း 
Photo: Getty Images
Photo: Getty Images
Published 25 December 2021

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းတိုက်စစ်မှူး ကာဗာနီအား အသင်းမှထွက်ခွာရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အသက် (၃၄)နှစ်အရွယ်ရှိ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီသည် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ 

၎င်းသည် မန်ယူအသင်းနှင့် ယခုရာသီကုန်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုရာသီတွင် စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းအပြင် ဒဏ်ရာပြဿနာများကြောင့် အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသည်။ 

ထို့ကြောင့် ကာဗာနီသည် မန်ယူအသင်းတွင် မပျော်မရွှင်ဖြစ်နေသည်ဟု ၎င်း၏အေးဂျင့်ဖြစ်သူက ပြောဆိုထားပြီး ယခုအခါ ဘာဘာတော့ဗ်က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

ဘာဘာတော့ဗ်က "ပြီးခဲ့တဲ့ရာသီ ခြေစွမ်းပြခဲ့ပေမဲ့ ကာဗာနီဟာ ဒီရာသီမှာ ပွဲကစားခွင့် အလုံအလောက် မရဘူးဖြစ်နေတယ်။ စီရော်နယ်လ်ဒို အသင်းကိုပြန်ရောက်လာချိန်မှာတော့ လူတွေက သူ့ကိုပဲ စိတ်ဝင်စားကြပြီး သူဟာ ပွဲတိုင်းကစားခွင့်ရနေတယ်။ ဒါဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ ကာဗာနီအတွက် တရားမျှတမှု မရှိပါဘူး။ ကာဗာနီဟာ စာချုပ်သက်တမ်းတိုးပေးခဲ့ပေမဲ့ သူ့နေရာကို စီရော်နယ်လ်ဒိုက ဝင်ယူသွားတယ်။ ဘောလုံးမှာ ဒါမျိုးဖြစ်နေတာတွေက မတရားပါဘူး။ တကယ်လို့ အခွင့်အရေးရှိတယ်ဆိုရင် ကာဗာနီကို အသင်းက ထွက်စေချင်ပါတယ်။ တကယ်လို့ ဘာစီလိုနာအသင်းကသာ ကမ်းလှမ်းလာမယ်ဆိုရင် သူ့အနေနဲ့ အသင်းပြောင်းသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

လက်ရှိတွင် ကာဗာနီအား ခေါ်ယူရန် ဘာစီလိုနာ၊ အက်သလက်တီကိုနှင့် ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

Most Read

Most Recent