■ မော်ရိုကိုအသင်းလူစာရင်းတွင် ဇီယာ့ရှ် မပါဝင်

■ မော်ရိုကိုအသင်းလူစာရင်းတွင် ဇီယာ့ရှ် မပါဝင်
Photo: Getty Images
Photo: Getty Images
Published 24 December 2021

ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား ဇီယာ့ရှ်သည် အာဖရိကနိုင်ငံများဖလား ယှဉ်ပြိုင်မည့် မော်ရိုကိုလက်ရွေးစင်အသင်းလူစာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။ 

မော်ရိုကိုအသင်း၏ လူစာရင်းကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ ဇီယာ့ရှ်(၂၈ နှစ်) ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဇီယာ့ရှ်သည် မော်ရိုကိုအသင်းအတွက် ပွဲ(၄၀)ကစားပြီး (၁၇)ဂိုး သွင်းယူထားသူဖြစ်သော်လည်း ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ (၆)ပွဲစလုံး ကို လွဲချော်ခဲ့ရသည်။ 

ဇီယာ့ရှ်သည် နည်းပြ ဟာလီဟော့ဇစ်နှင့် ဆက်ဆံရေးအဆင်မပြေသောကြောင့် ယခုကဲ့သို့ ချန်လှပ်ခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent