ဗိုင်းရပ်စ်ပျံ့နှံ့မှု မြင့်တက်နေသော်လည်း ဆက်လက်ကစားသွားမည့် ပရီးမီးယားလိဂ်တွင် ကာကွယ်ဆေးမထိုးသည့်ကစားသမား ၁၆ ရာခိုင်နှုန်းရှိနေ

ဗိုင်းရပ်စ်ပျံ့နှံ့မှု မြင့်တက်နေသော်လည်း ဆက်လက်ကစားသွားမည့် ပရီးမီးယားလိဂ်တွင် ကာကွယ်ဆေးမထိုးသည့်ကစားသမား ၁၆ ရာခိုင်နှုန်းရှိနေ
Photo: Getty Images
Photo: Getty Images
Published 22 December 2021

 

ဗိုင်းရပ်စ်ပျံ့နှံ့မှု မြင့်တက်နေသော်လည်း ပြိုင်ပွဲကို ရပ်နားခြင်းမရှိဘဲ ဆက်လက်ကစားသွားမည်ဟု အတိအလင်းကြေညာထားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကာကွယ်ဆေးမထိုးထားသည့် ကစားသမားအရေအတွက်မှာ ၁၆ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြေညာခဲ့သည်။

သို့သော် ကစားသမားနှင့် အသင်းဝန်ထမ်း နှစ်ခုပေါင်း၌မူ ကာကွယ်ဆေး တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိုးထားပြီးသူ ၉၂ ရာခိုင်နှုန်းအထိရှိနေကြောင်း သိရသည်။  ပရီးမီးယားလိဂ်တွင် ကာကွယ်ဆေးထိုးသူ ကစားသမားအရေအတွက်မှာ ၈၄ ရာခိုင်နှုန်းသာရှိပြီး ဥရောပထိပ်တန်းလိဂ် ငါးခုအနက် စီးရီးအေတွင် ၉၈ ရာခိုင်နှုန်း၊ ဘွန်ဒစ်လီဂါ တွင် ၉၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်လျှင် နည်းပါးနေသေးသည်။ ပရီးမီးယားလိဂ်ကစားသမားများ၏ ၇၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးဖြစ်ကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်-၁ရ၌ ရွှေ့ ဆိုင်းခဲ့ရသည့်ပွဲ ခြောက်ပွဲအထိ ရှိခဲ့ပြီး လေးပွဲသာ ယှဉ်ပြိုင်ကစားနိုင်ခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ဒီဇင် ဘာလ ၂၀ ရက်က အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်း ရပ်စ်ခြိမ်းခြောက်မှုကြောင့် ပွဲစဉ်အချို့ ရွှေ့ ဆိုင်းကာ ပြိုင်ပွဲကို ခေတ္တရပ်နားသင့်ကြောင်း တောင်းဆိုမှုရှိခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက် မှု ယခုထက်မြင့်တက်လာခဲ့ပါက ပွဲစဉ်များ ပြန်လည်ကျင်းပရန် ပိုမိုအခက်တွေ့မည့်အခြေအနေ ရှိလာနိုင်သောကြောင့် ပုံမှန်အတိုင်းသာ ဆက်လက်ယှဉ်ပြိုင်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပရီးမီး ယားလိဂ်ပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက်ယှဉ်ပြိုင်သွားရန် ဆုံးဖြတ်ခဲ့သော်လည်း ပရီးမီးယားလိဂ်အသင်းများ ပွဲအရေအတွက် တိုးမလာစေရေးအတွက် ယခုရာသီ FA ဖလား တတိယအဆင့် နှင့် စတုတ္ထအဆင့်ပွဲစဉ်များ၌ ပြန်ကန်ပွဲများကစားသည့်စည်းမျဉ်းကို ပယ်ဖျယ်ခဲ့သည်။ အသင်းများအနေဖြင့်လည်း အသက် ၂၁ နှစ်အောက်စာရင်းဝင် ကစားသမားများအပါအဝင် ပွဲကစားနိုင်သူ ၁၄ ဦးအထိရှိလျှင် အဆိုပါပွဲကို ရွှေ့ဆိုင်းမည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent