အီတလီစီးရီးအေပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်
Photo: AC Milan Fc Twitter
Photo: AC Milan Fc Twitter
Published 22 December 2021

ဆာဆူအိုလို - ဘိုလော့ဂ်နာ (ဗုဒ္ဓဟူးည ၁၀း၀၀ နာရီ)

ဆာဆူအိုလိုက စီးရီးအေနောက်ဆုံး (၆)ပွဲဆက် တစ်ပွဲ  ကို အနည်းဆုံး (၂)ဂိုးသွင်းခဲ့ပြီး ပုံစံကောင်းပြန်ပြနေတယ်။ ဒါ ပေမဲ့ ခံစစ်ကိုတော့ ဂရုစိုက်ဖို့ လိုအပ်ပြီး ပေးဂိုးတွေ လွယ်လွယ် ခွင့်မပြုဖို့ အရေးကြီးတယ်။ ဘိုလော့ဂ်နာကလည်း စီးရီးအေ နောက်ဆုံး(၃)ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး အကျပိုင်းကို ရောက်လာတယ်။ အိမ်ကွင်းအားသာချက်ရှိတဲ့ ဆာဆူအိုလို အနိုင်ရဖို့များပြီး (၂) သင်းပေါင်းသွင်းဂိုး များနိုင်တယ်။

ဗင်နီဇီယာ - လာဇီယို  (ဗုဒ္ဓဟူးည ၁၀း၀၀ နာရီ)

ဗင်နီဇီယာက အခုရာသီအိမ်ကွင်း (၈)ပွဲမှာ (၂)ပွဲသာနိုင် ခဲ့ပြီး (၄)ပွဲအထိ ရှုံးခဲ့တယ်။ ဒါပေမဲ့ အနိုင်ရတဲ့ အသင်းတွေက ဖီအိုရင်တီးနားနဲ့ ရိုးမားတို့လိုအသင်းတွေဖြစ်နေလို့ လျှော့တွက် လို့တော့ မရဘူး။ ဒါ့အပြင် ဂျူဗင်တပ်စ်ကိုလည်း သရေကစားနိုင် ခဲ့တယ်။ လာဇီယိုကတော့ အီမိုဘီလီ မကစားနိုင်တာကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ရမယ့် အခြေအနေပါပဲ။ လာဇီယို ပိုကောင်း တာမှန်ပေမဲ့ သရေကျသွားရင် အံ့သြစရာမရှိပါဘူး။

ဗီရိုနာ - ဖီအိုရင်တီးနား (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

ဖီအိုရင်တီးနားက နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း သိသိ သာသာတက်လာခဲ့ပြီး ကစားပုံလည်း ပိုကောင်းလာပါတယ်။ ဗ လာဟိုဗစ်ဦးဆောင်တဲ့ တိုက်စစ်က ဂိုးရဖို့မခက်ဘူးလို့ပဲ ဆိုရ မယ်။ ဗီရိုနာကလည်း အသင်းကောင်းဖြစ်ပြီး အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိပါတယ်။ သရေကျဖို့များပြီး ဂိုးများနိုင်ပါတယ်။

အင်တာမီလန် - တိုရီနို (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

အင်တာမီလန်က လက်ရှိစီးရီးအေရဲ့ အကောင်းဆုံးအသင်းဖြစ်ပြီး စီးရီးအေနောက် ဆုံး (၅)ပွဲဆက် ဂိုးမပေးရသေးဘူး။ တိုက်စစ်ကလည်း နောက်ဆုံး (၃)ပွဲမှာ (၁၂)ဂိုးအထိ သွင်းထားပြီး တိုက်စစ်မှာ ဂျက်ကို၊ လော်တာရိုမာတီနက်ဇ်၊ ဆန်းချက်ဇ်၊ ကော်ရီယာ ဘယ် သူ့ကိုပဲသုံးသုံး အင်ဇာဂီရဲ့အသင်းက အားရစရာအရမ်းကောင်းတယ်။ ဒီပုံစံနဲ့တော့ အ ဝေးကွင်းမှာ အင်တာကို တိုရီနို ဒုက္ခပေးနိုင်ဖို့မရှိဘူး။ အင်တာမီလန် အနိုင်သေချာတယ်။

ရိုးမား - ဆမ်ဒိုးရီးယား (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)

မော်ရင်ဟိုရဲ့ ရိုးမားက အတ္တလန်တာကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တယ်။ အိမ်ကွင်းကစားအားလည်း ကောင်း တယ်လို့ ဆိုနိုင်ပြီး အိမ်ကွင်းမှာ မီလန်နှစ်သင်းကိုပဲ မော်ရင်ဟို ရဲ့ အသင်းက ရှုံးနိမ့်ခဲ့တာပါ။ ဆမ်ဒိုးရီးယားကတော့ နိုင်တစ်ခါ၊ ရှုံးတစ်လှည့်နဲ့ ခြေစွမ်းမတည်ငြိမ်ဘူး။ အဝေးကွင်းရှုံးခဲ့တဲ့ နောက်ဆုံး (၄)ပွဲမှာလည်း တစ်ပွဲကို (၃)ဂိုးအထိ ဆမ်ဒိုးရီးယား အသင်း ပေးခဲ့ရတယ်။ ရိုးမား အနိုင်ရဖို့ရှိပြီး ဂိုးများနိုင်တယ်။

အမ်ပိုလီ - အေစီမီလန် (ကြာသပတေးနံနက် ၂း၁၅ နာရီ)

အမ်ပိုလီက အခုနှစ်တန်းတက်တဲ့အသင်းတွေထဲမှာ အကောင်းဆုံးအသင်းဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ပါ ရှင်သန်လာခဲ့တယ်။ ဒီရာသီ ထိပ်သီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဂျူဗင်တပ်စ်၊ နာပိုလီတို့လိုအသင်းတွေကို အနိုင်ကစားထား သလို၊ ကစားပုံကလည်း မာကျောတယ်။ အေစီမီလန်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရအပြီး စီးရီးအေကို ပိုအားစိုက် ကစားနေတယ်။ ကက်ဆီး၊ အီဘရာဟီမိုဗစ်တို့လို ကစားသမားတွေရဲ့ ရုန်းအားတွေနဲ့ ရမှတ်တွေစုဆောင်းဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ အေစီမီလန်အသင်း နာပိုလီနဲ့ ပွဲကျပ်ကစားခဲ့ရတာကိုတော့ သတိပြုရပါမယ်။ အဝေးကွင်းလည်းဖြစ်နေလို့ အေစီမီလန် နိုင်ရင်တောင် ဂိုးပြတ်ဖို့တော့ ခက်ပါတယ်။

နာပိုလီ - စပီဇီယာ (ကြာသပတေးနံနက် ၂း၁၅ နာရီ)

နာပိုလီက ရာသီအစကလို မဟုတ်တော့ဘူး။ နိုင်ပွဲတစ်ပွဲ ရဖို့ ခက်ခဲလာတဲ့ အနေအထားတွေကို တွေ့လာရတယ်။ ဒါပေမဲ့ ထိပ်သီးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့်ဖြစ်ပြီး ဒီပွဲက ယုံကြည်မှု ပြန်တည်ဆောက်ဖို့ အကောင်းဆုံးလို့ ဆိုရမယ်။ စပီဇီယာ     ကလည်း အားရစရာ လုံးဝမရှိဘူး။ ကိုပါအီတလီယာပြိုင်ပွဲမှာ လက်ချီလိုအသင်းကိုတောင် သွားရှုံးတဲ့အထိ ဆိုးရွားနေတယ်။ နာပိုလီ ဂိုးပြတ်နိုင်လိမ့်မယ်။

Most Read

Most Recent