အန်ဆယ်လော့တီရဲ့ တစ်ကိုယ်ရေပန်းတိုင်

အန်ဆယ်လော့တီရဲ့ တစ်ကိုယ်ရေပန်းတိုင်
Photos: Getty Images & AFP
Photos: Getty Images & AFP
Published 22 December 2021
Chan Myae

အန်ဆယ်လော့တီ ဒီတစ်ကြိမ် ရီးယဲလ်မက်ဒရစ်ကို ပြန်လာတဲ့ခရီးကလည်း သူ ပထမတစ်ကြိမ် ရောက်တုန်းကလိုပဲ။ ပြီးတော့ သူစွန့်ခွာသွားတုန်းကလိုပဲ။ ကစားသမားပိုင်းမှာတော့ အပြောင်းအလဲတွေရှိတာပေါ့။ ဒါပေမဲ့ လေ့ကျင့်ရေးကွင်းနဲ့ တခြား Facilities တွေက ဒီအတိုင်းပဲ။ သူလွန်ခဲ့တဲ့ (၆)နှစ်၊ ဒီအသင်းမှာရှိနေတုန်းကလိုပဲ မြင်နေကျ မြင်ကွင်းတွေ၊ မြင်နေကျ မျက်နှာတွေကို မြင်ရတယ်။ အခန်းတွေရဲ့ တည်ဆောက်ပုံအတူတူပဲ။ Physios တွေလည်း အတူတူ၊ Kitmen တွေလည်း အတူတူပဲ။ သူ့ဆီကိုလာတဲ့ ဂျာနယ်လစ်တွေလည်း အတူတူပဲ။ ဒီအသင်းရဲ့ Vision၊ ခမ်းနားမှုတွေ၊ အောင်မြင်မှုတွေအပေါ် တောင်းဆိုမှု၊ ဒီအရာတွေရောပဲ။ ဆိုတော့ အန်ဆယ်လော့တီ အတွက်ဆိုရင် အပြောင်းအလဲတစ်ခု ဖြစ်မနေဘူး။ အပြောင်းအလဲတစ်ခုကို ဖြတ်သန်းတဲ့အခါ ကြုံ တွေ့ရလေ့ရှိတဲ့ သက်သောင့်သက်သာမရှိမှုလည်း မဖြစ်ဘူး။ အရင်ကတည်းကလည်း စိတ်အေးအေး၊ ခေါင်းအေးအေးသမားဆိုတော့ ရီးယဲလ်မက်ဒရစ်ကို ပြန်လာတာ သူ့အတွက် စိတ်ပျက်စရာရယ်လို့ မရှိပါဘူး။ သူကလည်း ပြောတယ်။ "အရာအားလုံးက အရင်အတိုင်းပါပဲ။ ရီးယဲလ်မက်ဒရစ်ဟာ ဒီကာလတွေအတွင်းမှာ ပြောင်းလဲသွားတာ နည်းပြတွေပဲရှိမယ်" လို့ ပြောခဲ့ခြင်းဖြစ်တယ်။ 

 

Most Read

Most Recent