ဇာဗီရဲ့ ဘာစီလိုနာအပြန်လမ်းဟာ ခံ့ခံ့ထည်ထည်ရှိခဲ့ပါတယ်။ ကစားသမားဘဝမှာ အရှိန်အဝါ ကြီးလွန်းခဲ့သူမို့ ဥရောပဘောလုံးရပ်ဝန်းထဲ နည်းပြအဖြစ် ပြန်လည်တိုးဝင်လာချိန်မှာလည်း အများရဲ့အာရုံစိုက်မှုကိုရတယ်။ အထူးသဖြင့် ဘာစီလိုနာရဲ့ အဖက်ဖက်ကယိုယွင်းခြင်းတွေကို ဇာဗီ ဘယ်လိုဖာထေးပြုပြင်မလဲဆိုတာက ပရိသတ်ကို ပိုပြီးစိတ်ဝင်စားစရာဖြစ်စေခဲ့တယ်။ နူးကမ့်ကွင်းထဲကို ပြန်လည်ခြေချခဲ့ချိန်မှာလည်း ပရိသတ် (၁၀၀၀၀)ကျော်က ကွင်းထဲအရောက် ကြိုဆိုခဲ့ကြပြီး ဘာစီလိုနာခေတ်ပျက်ကို ဇာဗီနဲ့အတူ ရင်ဆိုင်ဖို့အသင့်ရှိကြောင်း ပြသခဲ့ကြတယ်။ ဇာဗီကိုယ်တိုင်ကလည်း သူ့ရဲ့နည်းပြဘဝ အိပ်မက်တစ်ခုဖြစ်တဲ့ ဘာစီလိုနာနည်းပြရာထူးက မျှော်လင့်ထားချိန်ထက်ပိုပြီး မြန်မြန်ဆန်ဆန် ပိုင်ဆိုင်ခွင့်ရချိန်မှာ ယုံကြည်မှုတွေ အပြည့်ရှိခဲ့ပုံလည်းရတယ်။ ဘာစီလိုနာဟာ ရော်နယ်လ်ကိုးမန်းကို ရာထူးက ထုတ်ပယ်ပြီး (၉)ရက်အကြာမှာမှ ဆွေးနွေးမှုများစွာကို ကျော်ဖြတ်ပြီး ဇာဗီကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။ ဒီလုပ်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် ဇာဗီအပေါ် မှီခိုစိတ်များလွန်းခဲ့တာ သေချာပြီး ဒီမှီခိုစိတ်တွေ၊ မျှော်လင့်ချက်တွေ ကြီးခဲ့တာကပဲ ဇာဗီကို သတ်ကွင်းထဲ ခပ်မြန်မြန်ပို့သလို ဖြစ်သွားခဲ့တယ်။
■ ဇာဗီရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















