ချယ်လ်ဆီးအသင်းကို ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တာကြောင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပေမဲ့ နောက်ရာသီမှာ အဆင့်(၅)နေရာသာ ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့တာကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ကွန်တီ ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုပြင်းထန်တာကို သဘောပေါက်ထားပြီးသားဖြစ်မှာပါ။ စပါးအသင်းရဲ့ ရည်မှန်းချက်က ချယ်လ်ဆီးလောက် မမြင့်မားတာကြောင့် ဖိအားလျော့နိုင်ပေမဲ့ ရောက်သင့်တဲ့အဆင့်နေရာကို ပို့ဆောင်ပေးနိုင်ဖို့တော့ လိုအပ်မှာပါ။ ကွန်တီကလည်း ကွန်းဖရန့်လိဂ်မှာ မထင်မှတ်တဲ့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးစွမ်းဆောင်ပြထားနိုင်ခဲ့ပါတယ်။ တစ်ခုရှိတာကတော့ ပြိုင်ဘက်ကောင်းတွေနဲ့ မဆုံတွေ့ရသေးဘဲ ပွဲချောင်ခဲ့တာဖြစ်ပြီး ပွဲကျပ်ကာလကို အခုမှ ဖြတ်သန်းရမှာပါ။
ကွန်တီရဲ့ ဒီဇင်ဘာအကျပ်အတည်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















