မြန်မာ့လက်ရွေးစင်အသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ယခုထက်ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ကြောင်း စင်ကာပူအသင်းနည်းပြ ယိုရှီဒါ ပြောကြား

မြန်မာ့လက်ရွေးစင်အသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ယခုထက်ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ကြောင်း စင်ကာပူအသင်းနည်းပြ ယိုရှီဒါ ပြောကြား
Photo: AFF
Photo: AFF
Published 6 December 2021

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် စင်ကာပူလက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဂျပန်နိုင်ငံသား တက်ဆုမယိုရှီဒါက အုပ်စုအဖွင့်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ယင်းထက်ပိုမိုကောင်းမွန်အောင် ကစားနိုင်ခဲ့သင့်ကြောင်း ပြောကြားသည်။

ယိုရှီဒါက ''ပြိုင်ပွဲတစ်ခုရဲ  ့ပထမဆုံး စကစားရတဲ့ပွဲတွေက အစဉ်အမြဲလိုလို ခက်ခဲတတ်ပါတယ်။ နောက်ပြီး အရမ်းလည်း အရေးပါပါတယ်။ ဒါပေမယ့် ကျွန်တော်တို ့အသင်း အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။ ဒီနိုင်ပွဲ အတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ဒီနေ ့ပွဲမှာ ကျွန်တော်တို ့အသင်းက အခုထက် ပိုကောင်းအောင်ကစားနိုင်ခဲ့သင့်တယ်ထင်ပါတယ်။ ဒါပေမယ့် နောက်ပွဲ (ဖိလစ်ပိုင်) မှာတော့ ကျွန်တော်တို ့အသင်း အခုထက်ပိုကောင်းလာမှာ သေချာပါတယ်။ မြန်မာအသင်းနဲ ့ပွဲမှာ ကျွန်တော်အသင်းက ပွဲအစပိုင်းမှာအထနှေးနေခဲ့တယ်။ မိနစ်၂၀ လောက်အထိက ကျွန်တော့်ကစားသမားတွေ ကစားပုံးစမ်းသပ်နေတဲ့အခြေအနေပါ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို ့ ဆက်တိုက်ဆိုသလို ဂိုး ၃ ဂိုးအထိရခဲ့တယ်။ ကစားပုံလည်းကောင်းလာခဲ့တယ်။ ကျွန်တော့်အသင်းကစားပုံက နောက်ပွဲတွေမှာ အခုထက်ပိုတိုးတက်လာဖို ့ရှိနေပါတယ်။ ဒီနေ့နိုင်ပွဲအတွက်တော့ ကျွန်တော်ပျော်ပါတယ်''ဟု မြန်မာအသင်းအား ဂိုးပြတ်အနိုင်ရအပြီး ပြုလုပ်သည့် မီဒီယာတွေ ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအိမ်ရှင် စင်ကာပူအသင်းသည် နိုဝင်ဘာပထမပတ်နှင့် ဒုတိယပတ်အတွင်း ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ သွားရောက် နေထိုင်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားထားသည်။

စင်ကာပူအသင်းသည် နိုဝင်ဘာ ၁၁ ရက်က ကာဂျစ္စတန်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ (၁-၂) ဂိုး၊ နိုဝင်ဘာ ၁၆ ရက်က မော်ရိုကိုအသင်းနှင့် ခြေစမ်းကစား ခဲ့ရာ (၁-၇) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

စင်ကာပူအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၈ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။

Most Read

Most Recent