အင်္ဂလန်တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီကိုင်တွယ်နေသော လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းသည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းကြောင့် ရမှတ်နောက်ထပ် (၉)မှတ်လျှော့ချခံခဲ့ရကြောင်း သိရသည်။
ဒါဘီအသင်းသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုအဖွဲ့လက်ထဲသို့ အသင်းကို ထိုးအပ်ခဲ့ရခြင်းအတွက် ယခုနှစ် စက်တင်ဘာလအတွင်း ရမှတ် (၁၂)မှတ်လျှော့ချခံခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် စုစုပေါင်း(၂၁)မှတ်အထိ လျှော့ချခံခဲ့ရပြီး အသင်းအနေဖြင့် ယခုရာသီတွင် (၃)ပွဲ နိုင်၊ (၉)ပွဲသရေဖြင့် (၁၈)မှတ်သာရရှိထားရာ ယခု(-၃)မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်နေပြီး တန်းဆင်းရန် သေချာသလောက်ရှိနေသည်။