ယူရိုသန်း(၈၀)တန် ဗလာဟိုဗစ်ကို ခေါ်ယူရန် အာဆင်နယ်အသင်း စီစဉ်

ယူရိုသန်း(၈၀)တန် ဗလာဟိုဗစ်ကို ခေါ်ယူရန် အာဆင်နယ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 8 November 2021

အာဆင်နယ်အသင်းသည် ပြောင်းရွှေ့ကြေး ယူရိုသန်း  (၈၀)ဝန်းကျင်ရှိသည့် ဖီအိုရင်တီးနားကြယ်ပွင့်တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းသည် အသက် (၂၁)နှစ်အရွယ် ဗလာဟိုဗစ်အတွက်  တရားဝင်ကမ်းလှမ်းသွားမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးယူရို သန်း(၈၀)ကိုလည်း ပေးရန်အသင့်ရှိနေသည်။

သို့သော် ဗလာဟိုဗစ်၏ အေးဂျင့်ဖြစ်သူက အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့စေရန်ဆန္ဒမရှိဖြစ်နေကြောင်း သိရသည်။

ဗလာဟိုဗစ်သည် ဖီအိုရင်တီးနားအသင်းနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသည်။

ဗလာဟိုဗစ်သည် လက်ရှိရာသီတွင် ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေသွင်းဂိုး (၈)ဂိုးအထိ သွင်းယူပေးထားသူဖြစ်သည်။

လက်ရှိရာသီစီးရီးအေတွင် ဖီအိုရင်တီးနားအသင်းသည်  (၁၆)ဂိုးသွင်းယူထားသဖြင့် ဗလာဟိုဗစ်က ထက်ဝက်အထိ သွင်းယူထားခြင်းလည်းဖြစ်သည်။

Most Read

Most Recent