အီတလီစီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 24 October 2021

အတ္တလန်တာ - အူဒီးနီးစ် (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

အတ္တလန်တာရဲ့တိုက်စစ်ပိုင်းက ဂိုးပေါက်ပြန်တွေ့နေပြီး စီးရီးအေနောက်ဆုံး (၃)ပွဲမှာ (၈)ဂိုးအထိ သွင်းယူထားတယ်။ အူဒီးနီးစ်ကတော့ ခြေစွမ်းကျဆင်းနေသလို၊ ရလဒ်ပိုင်းလည်း ယိမ်းယိုင်နေတယ်။ အတ္တလန်တာအနေနဲ့ ဒီပွဲမတိုင်ခင် မန်ယူ နဲ့ ပွဲကျပ်ကစားခဲ့ရလို့ ပွဲပန်းနေနိုင်တာကိုတော့ တစ်ချက်စဉ်းစား ရမယ်။ ဒါပေမဲ့ ထိပ်ပိုင်းကအသင်းတွေနဲ့ အမှတ်မပြတ်ဖို့ ကြိုး စားမယ့် အတ္တလန်တာကိုပဲ ကြိုက်တယ်။

ဖီအိုရင်တီးနား - ကာဂလီယာရီ (တနင်္ဂနွေည ရး၃၀ နာရီ)

ပြီးခဲ့တဲ့တစ်ပတ်က ဗင်နီဇီယာအသင်းကို မထင်မှတ်ဘဲ ရှုံးခဲ့တဲ့ ဖီအိုရင်တီးနားအနေနဲ့ အိမ်ကွင်းမှာ အမှတ်ရဖို့ ကြိုးစား လာလိမ့်မယ်။ ကာဂလီယာရီကလည်း ဒီရာသီမှာ တော်တော် လေးရုန်းကန်နေပြီး အဆင့် (၁၉)အထိ ရောက်ရှိနေတယ်။ ဖီ အိုရင်တီးနားအနေနဲ့ ကာဂလီယာရီနဲ့တွေ့ဆုံတိုင်း ရုန်းကန်ရ လေ့ရှိပေမဲ့ ဒီပွဲမှာတော့ အဲဒီအစဉ်အလာကိုချိုးဖျက်ဖို့ ကြိုးစား လိမ့်မယ်။ ဖီအိုရင်တီးနားကိုပဲ ရွေးထားရမှာပါ။

ဗီရိုနာ - လာဇီယို (တနင်္ဂနွေည ရး၃၀ နာရီ)

ဆာရီရဲ့ လာဇီယိုက ခြေစွမ်းပိုင်းတိုးတက်လာပေမဲ့ ရလဒ် ပိုင်းကတော့ မငြိမ်သေးဘူး။ ဒါ့အပြင် ယူရိုပါလိဂ်မှာ မာဆေးလ် နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲပန်းနိုင်တာကိုလည်း ထည့်တွက်ရ မယ်။ ဗီရိုနာကတော့ အိမ်ကွင်းမှာ အမှတ်ရှာတဲ့အသင်းဖြစ်ပြီး ဒီရာသီ သူတို့ရထားတဲ့ စီးရီးအေနိုင်ပွဲ(၂)စလုံးက အိမ်ကွင်းမှာ ရထားတာဖြစ်တယ်။ လာဇီယို ခြေစွမ်းသာပေမဲ့ အိမ်ကွင်းမှာ ဗီရိုနာ အမှတ်ရသွားနိုင်တယ်။

ရိုးမား - နာပိုလီ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

မော်ရင်ဟိုရဲ့ ရိုးမားအသင်းက စီးရီးအေထိပ်သီးအသင်းတွေနဲ့ မယှဉ်နိုင်သေးဘူး ဆိုတာကို လာဇီယို၊ ဂျူဗင်တပ်စ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ မြင်တွေ့ခဲ့ရတယ်။ နာပိုလီက တော့ လက်ရှိဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့ တစ်သင်းတည်း သောအသင်းဖြစ်ပေမဲ့ နောက်ပိုင်းပွဲတွေမှာ ကျဆင်းလာသလို တွေ့ရတယ်။ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက နာပိုလီရဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်နိုင်မယ်လို့ထင်တယ်။

အင်တာမီလန် - ဂျူဗင်တပ်စ် (တနင်္လာနံနက် ၁း၁၅ နာရီ)

အင်တာမီလန်က နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ လာဇီယို ရှုံးနိမ့်ခဲ့ပြီး ဒီတစ်ပတ်မှာ စီးရီးအေချန်ပီယံလုဖက်လို့ ဆိုရမယ့် ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ ဆီမြွန်နီအင်ဇာဂီရဲ့ အင်တာမီလန်ဟာ ကွန်တီ ကိုင်တွယ်တုန်းကလောက် ထက်မြက်မှုမရှိတော့သလို၊ ပြိုင်ဘက်တွေရဲ့လေးစားမှုကလည်း ကွာခြားသွားတယ်လို့ ဆိုရမှာပါ။ ဂျူဗင်တပ်စ်က ရာသီအစပိုင်း မှာ ရုန်းကန်ခဲ့ရပေမဲ့ အေစီမီလန်နဲ့ သရေကျပြီးနောက်မှာ စီးရီးအေ (၄)ပွဲဆက် အနိုင်ကစားပြီး ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းပါ တိုးတက်လာတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှုမှာ အိမ်ကွင်းတွေမှာ ကိုယ်စီအနိုင်ရထားတာကို တွေ့ ရတယ်။ စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အနေနဲ့ အင်တာမီလန်ကွင်းမှာ အနိုင်မရတာ (၃)နှစ်ရှိခဲ့ပြီဖြစ်ပြီး ဒီပွဲမှာလည်း အိမ်ရှင် အသင်းပဲ ကပ်နိုင်သွားမယ် ထင်တယ်။

Most Read

Most Recent