ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ၃၄ လမ်းထောင့်ရှိ အခွန်ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား

ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ၃၄ လမ်းထောင့်ရှိ အခွန်ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကုန်သည်လမ်းပေါ်ရှိ အခွန်ရုံးရှေ့အား တွေ့ရစဉ်
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကုန်သည်လမ်းပေါ်ရှိ အခွန်ရုံးရှေ့အား တွေ့ရစဉ်
Published 15 October 2021

ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ပြည်တွင်းအခွန်ဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးရှေ့တွင် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ယင်းနေရာအနီးနေထိုင်သူများထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

ကုန်သည်လမ်းပေါ်တွင် ဈေးရောင်းချသူတစ်ဦးက " ကုန်သည်လမ်းပေါ်က အခွန်ရုံးရှေ့နားမှာ ပေါက်တာ။ တစ်ကြိမ်ပါပဲ။ အဲ့နားမှာ ဈေးရောင်းတဲ့သူတွေရှိတယ်။ လူထိတာတော့မရှိဘူး " ဟုပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာနှင့် မျက်နှာချင်းဆိုင် မဟာဗန္ဓုလပန်းခြံထောင့် အများပြည်သူသုံးသန့်စင်ခန်းအနီး မဟာဗန္ဓုလပန်းခြံလမ်းတွင်လည်း ဩဂုတ်လအတွင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent