မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းအနီး ပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူများရှိ

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းအနီး ပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူများရှိ
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းနေရာအား တွေ့ရစဉ်
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သမိုင်းလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းနေရာအား တွေ့ရစဉ်
Published 11 October 2021

မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဉ်ထိန်းရဲကင်းအနီးတွင် အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းနေရာအနီးနေထိုင်သူများထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အစားအသောက် အိမ်အရောက်ပို့ဆောင်ပေးသည့် Food Panda မှ Delivery သမားအချို့တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင် City Mart စျေးဝယ်စင်တာ၏ ဝင်ပေါက်လည်း တည်ရှိပြီး Delivery သမားများ စောင့်ဆိုင်းသည့် နေရာလည်းဖြစ်ကြောင်း၊ ယင်းနေရာအနီး ယာဉ်ထိန်းရဲကင်းနှင့် ဘေးပတ်ပတ်လည်တွင်လည်း တပ်သားနှင့်ရဲအင်အား ဆယ်ဂဏန်းခန့်ကို နေ့စဉ်လုံခြုံရေးချထားကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲကင်းမှ မှန်များ၊ အကာအရံများ ပျက်စီးခဲ့ပြီး အပျက်အစီးအပိုင်းအစများ၊ Food Panda စက်ဘီးအချို့ မှောက်လျက်အနေအထားတို့ကို တွေ့မြင်ရသည်။

“ယာဉ်ထိန်းရဲကင်းကတော့ ဘေးအကာတွေ၊ မှန်တွေကွဲပျက်စီးနေတာ တွေ့ရတယ်။ ဘေးနားမှာလည်း အပျက်အစီးအစအနတွေ့ ပြန့်ကျဲနေတာ တွေ့ရခဲ့ရတယ်။ Delivery ကောင်လေးတစ်ယောက်ကိုလည်း စစ်မေးနေတာလားတော့မသိဘူး သူတို့တွေထိန်းသိမ်းထားတာ တွေ့ရတယ်။ ရဲတွေရော စစ်သားတွေရော လက်နက်အပြည့်အစုံနဲ့ အများကြီးရောက်နေကြတယ်” ဟု အခင်းဖြစ်စဉ်အား မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent