နိုင်ငံတော်စည်းလုံးညီညွတ်မှုကို အားနည်းစေသည့် ခွဲထွက်ရေးအုပ်စု၏အဖွဲ့ဝင်များဟုသံသယရှိသူ ၂၇ ဦးကို အယ်ဂျီးယားရဲက ဖမ်းဆီး

နိုင်ငံတော်စည်းလုံးညီညွတ်မှုကို အားနည်းစေသည့် ခွဲထွက်ရေးအုပ်စု၏အဖွဲ့ဝင်များဟုသံသယရှိသူ ၂၇ ဦးကို အယ်ဂျီးယားရဲက ဖမ်းဆီး
အယ်ဂျီးရီးယား ဝန်ကြီးချုပ် (ဒု-ဝဲ) နှင့် အခြားနိုင်ငံရေးခေါင်းဆောင်များ စက်တင်ဘာ ၂ ရက်က ပါလီမန်အဆောက်အအုံဆီသို့ လျှောက်လာစဉ်(Photo:Reuters)
အယ်ဂျီးရီးယား ဝန်ကြီးချုပ် (ဒု-ဝဲ) နှင့် အခြားနိုင်ငံရေးခေါင်းဆောင်များ စက်တင်ဘာ ၂ ရက်က ပါလီမန်အဆောက်အအုံဆီသို့ လျှောက်လာစဉ်(Photo:Reuters)
Published 7 September 2021

အယ်ဂျီးယားပြည်သူများက အကြမ်းဖက်အုပ်စုအဖြစ် ထင်မြင်ထားသော ခွဲထွက်ရေးအုပ်စုဝင်များဟု သံသယရှိသူ၂၇ ဦးကို မိမိတို ့ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ ၆ ရက် တွင် အယ်ဂျီးရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးကို အားနည်းအောင် လုပ်ဆောင်ခြင်း၊ အများပြည်သူ စည်းလုံးမှုကို ထိခိုက်စေခြင်းနှင့် လူစုလူဝေး ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းတို့နှင့်သက်ဆိုင်သည့်အမှုဖြင့် အဆိုပါလူ ၂၇ ဦးကို ၄၈ နာရီအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ခါဘိုင်လီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး လှုပ်ရှားမှုအဖွဲ ့(MAK) ၏ အဖွဲ့ဝင်များဖြစ်သည်ဟု သံသယရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

အပြစ်မဲ့အကျဉ်းသားများကို ထောက်ခံသည့် လမ်းလျှောက်ချီတက်မှု တားမြစ်ခံခဲ့ရပြီးနောက် ဆန္ဒပြသူများနှင့် ရဲတို ့ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ခဲ့သည့် ခါရာတာမြို့တွင် လူ၂၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါမြို့၌ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ခါရာတာမြို့သည် အစဉ်အလာအရ မငြိမ်မသက်ဖြစ်နေသော အရှေ့မြောက်ပိုင်း ခါဘိုင်လီဒေသတွင် တည်ရှိသောမြို  ့ဖြစ်သည်။

၎င်းမြို့နှင့် ကီလိုမီတာ ၆၀ (၃၇ မိုင်) ဝေးသောနေရာတွင် အခြားလူနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးခံရသူများ၏ နေအိမ်များတွင် စစ်အဝတ်အထည်များ၊ ချွန်ထက်သော လက်နက်များနှင့် MAK စာရွက်စာတမ်းများ အပါအဝင်ပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

သံသယရှိသူများသည် ပြည်သူများအကြားတွင် ပဋိပက္ခနှင့် အကြောက်တရားတို့ကို မျိုးစေ့ချရန်ကြိုးစားနေကြပြီး ပြည်ပအသင်းအဖွဲ့များ၏ ညွှန်ကြားချက်ဖြင့် ဤအကြမ်းဖက်အဖွဲ ့အစည်း၏ လျှို့ဝှက်ထောက်လှမ်းရေးများကို ပြန်လည်မွေးမြူရန် ကြိုးစားနေသည်ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ၂၀ ကျော်ကို ပြန်လွှတ်ပေးရန် စက်တင်ဘာ ၅ ရက်တွင် အယ်ဂျီးယား လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုခဲ့သည်။

အာဏာပိုင်များသည် ဂျာနယ်လစ်နှင့် လူ့အခွင့်အရေးခုခံကာကွယ်သူ ဟာဆန်ဘူးရက်စ်ကို စက်တင်ဘာ ၆ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု အယ်ဂျီးရီးယားလူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့သည်။ ထို့အပြင် အာဏာပိုင်များသည် အနောက်မြောက်ပိုင်း အယ်ဘာယက်ရှိ ဟာဆန်ဘူးရက်စ်၏အိမ်ကို ရှာဖွေခဲ့ကြသည်ဟု ဆိုသည်။ ဘူးရက်စ်ကို ဖမ်းဆီးရသည့်အကြောင်းရင်းကို မသိကြောင်း အယ်ဂျီးယားလူ့အခွင့်အရေးအဖွဲ့က ပြောသည်။

အယ်ဂျီးယားလူ့အခွင့်အရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော ဘူးရက်စ်ကို တရားသူကြီးအား စော်ကားမှုဖြင့် ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့သည်။ ဘူးရက်စ်သည် အပြစ်မဲ့အကျဉ်းသားတစ်ဦးဖြစ်သည်ဟု ထိုအချိန်တုန်းက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့ပြီး တာဝန်ရှိသူများ လာဘ်စားသည်ကို ပြစ်တင်ရှုတ်ချထားသည့် ဗီဒီယိုဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

Most Read

Most Recent