အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ဒီဘားလား ပြန်လည်ရွေးချယ်ခံရ

အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ဒီဘားလား ပြန်လည်ရွေးချယ်ခံရ
Photo: football-italia
Photo: football-italia
Published 24 August 2021

ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး ဒီဘားလားသည် (၂)နှစ်နီးပါးဝေးကွာနေသည့် အာဂျင်တီးနားလက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ဒီဘားလားသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက လက်ရွေးစင်အသင်းအတွက် နောက်ဆုံးရွေးချယ်ခံခဲ့ရပြီးကတည်းက ဝေးကွာနေခဲ့ခြင်းဖြစ်ပြီး ကိုပါအမေရိကချန်ပီယံအသင်းတွင်လည်း မပါဝင်ခဲ့ပေ။

ယခုအခါ စက်တင်ဘာလတွင် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ပြန်လည်ရွေးချယ်ခံရခြင်းဖြစ်ပြီး PSG တိုက်စစ်မှူး မက်ဆီ၊ အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်တို့လည်း ပါဝင်ခဲ့သည်။

ဒီဘားလားသည် အာဂျင်တီးနားလက်ရွေးစင်အဖြစ် ၂၀၁၅ ခုနှစ်ကတည်းက စတင်ရွေးချယ်ခံခဲ့ရသော်လည်း (၂၉)ပွဲ ကစားပြီး (၂)ဂိုးသာ သွင်းယူထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent