ဆန်ချိုနှင့် ဗာရန်းကို ခေါ်ယူရုံဖြင့် မန်ယူအသင်း မလုံလောက်ဟု ဂယ်ရီနဗီးလ် သုံးသပ်

ဆန်ချိုနှင့် ဗာရန်းကို ခေါ်ယူရုံဖြင့် မန်ယူအသင်း မလုံလောက်ဟု ဂယ်ရီနဗီးလ် သုံးသပ်
Photo: ManUtd
Photo: ManUtd
Published 24 August 2021

မန်ယူအသင်း၏ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူအသင်းအနေဖြင့် ဆန်ချိုနှင့် ဗာရန်းတို့ကို ခေါ်ယူခဲ့ရုံ ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ရန် လုံလောက်ခြင်းမရှိသေးဘဲ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ထပ်မံခေါ်ယူသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

ဂယ်ရီနဗီးလ်က ''အပြောင်းအရွှေ့စျေးကွက်မှာ မန်ယူအသင်း ဘယ်လိုခြေလှမ်းနေလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဟာရီကိန်းကို ခေါ်ယူနိုင်ခဲ့ရင် ချန်ပီယံဆုအတွက် ပိုပြီးစိန်ခေါ်နိုင်မှာပါ''ဟု ပြောကြားခဲ့သည်။

သို့သော် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါကမူ နဗီးလ်နှင့် ရွိုင်ကင်းတို့သည် မန်ယူအသင်းကို ပေါင်သန်း(၁၀၀)တန်အပြောင်းအရွှေ့ပြုလုပ်ရန် အမြဲတောင်းဆိုနေသူများဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် ပြိုင်ဘက်အသင်းများနှင့် ယှဉ်ပါက နည်းပြများ၏ ကျော်ကြားမှုချင်း ကွာခြားသောကြောင့်သာ မန်ယူအသင်းကို အားမလိုအားမရဖြစ်နေခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်ခဲ့သည်။

Most Read

Most Recent