ခါဘိကိုလည်း ဘောလုံးကွင်းတွေထဲမှာ မကြာခဏမြင်တွေ့ရလေ့ရှိပြီး သူက တိုက်ခိုက်ရေးသမားတစ်ယောက်သာဖြစ်မလာခဲ့ရင် တိုက်စစ်မှူးတစ်ယောက်ဖြစ် အောင် ကြိုးစားချင်ခဲ့သူပါ။ " ဘောလုံးဆိုတာ အားကစားနည်း အားလုံးရဲ့ဘုရင်ပါ။ ကျွန်တော် ပရော်ဖက်ရှင်နယ်အဆင့်မှာ ဘောလုံးကစားချင်တာ ကလေးဘဝအိပ်မက်တစ်ခုပါ။ ကျွန် တော့် ရင်ထဲမှာရှိနေတဲ့ အသင်းနှစ်သင်းက စပါးတပ်မော်စကို နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေဖြစ်ပြီး ရီးယဲလ်က ကျွန်တော့် ရဲ့အိပ်မက်အသင်းပါပဲ။ ကျွန်တော် ပထမဆုံးပွဲချိန်ပြည့် ကြည့်ခဲ့ဖူးတဲ့ပွဲကလည်း ၁၉၉၈ ခုနှစ်က ရီးယဲလ်နဲ့ ဂျူဗင် တပ်စ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်ပါတယ်။ ဘောလုံးအကြောင်းကို UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်၊ PSG အသင်းပိုင်ရှင်၊ စီရော်နယ်လ်ဒိုတို့နဲ့ ကျွန်တော် ပြောခဲ့ဖူးပါတယ်" လို့ ခါဘိက ဖွင့်ဟခဲ့ပါတယ်။
အသွင်ပြောင်း ခါဘိ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















