ပေါ့ဘာသည် ပွဲတစ်ပွဲအတွင်းဂိုးဖန်တီးမှု ငါးကြိမ် သို့မဟုတ်ခြောက်ကြိမ်အထိ ပြုလုပ်နိုင်စွမ်းရှိသည်ဟု ဖာနန်ဒက်စ် ချီးကျူး

ပေါ့ဘာသည် ပွဲတစ်ပွဲအတွင်းဂိုးဖန်တီးမှု ငါးကြိမ် သို့မဟုတ်ခြောက်ကြိမ်အထိ ပြုလုပ်နိုင်စွမ်းရှိသည်ဟု ဖာနန်ဒက်စ် ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 18 August 2021

 

မန်ယူကွင်းလယ်လူ ပေါ့ဘာသည် ပွဲတစ်ပွဲအတွင်း ဂိုးဖန်တီးမှု ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်အထိ ပြုလုပ်နိုင်စွမ်းရှိသည်ဟု  အသင်းဖော် ဘရူနိုဖာနန်ဒက်စ်က MUTV နှင့်တွေ့ဆုံမှုတွင် ချီးကျူးခဲ့သည်။

"သူ(ပေါ့ဘာ)ဟာ ကောင်းကောင်းကစားနိုင်သူဖြစ်ပြီး ထိပ်တန်းကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ လူတိုင်းကလည်း ဒါကို သိပါတယ်။ သူ့ရဲ့ခြေစွမ်း ပိုကောင်းလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့အနေနဲ့ ပိုပြီးလုပ်နိုင်စွမ်းရှိသေးတယ်လို့ ယူဆလို့ပါ။ ပေါလ်ဟာ ပွဲတစ်ပွဲအ တွင်းမှာ ဂိုးဖန်တီးပေးမှု ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်လောက် ပြုလုပ်နိုင်ပါတယ်။  ပေါလ်ဟာ အရည်အသွေးရှိကစားသမား တစ်ဦးဖြစ်ပြီး ကျွန်တော်တို့အားလုံးကလည်း သူ့အပေါ် ယုံကြည်အားကိုးပါတယ်။ သူ့ရဲ့ အရည်အချင်းကို အားလုံးသိပါတယ်"ဟု ဖာနန်ဒက်စ်က ပြောကြားခဲ့သည်။ 

အသက် ၂၈ နှစ်ရှိ ပေါ့ဘာသည် သြဂုတ် ၁၄ ရက်က လိဒ်စ်နှင့်ပွဲတွင် အသင်း၏စတုတ္ထဂိုးမှလွဲပြီး ကျန်ဂိုးအားလုံးကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ပေါ့ဘာသည် ပရီးမီးယားလိဂ်ပွဲတစ်ပွဲအတွင်း ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်သည့် သတ္တမ မြောက်ကစားသမားဖြစ်ခဲ့ပြီး မန်ယူအသင်း တွင် ပထမဆုံးလည်းဖြစ်ခဲ့သည်။ 

ဘရူနိုဖာနန်ဒက်စ်၏ဟက်ထရစ်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ၁၀ ကြိမ်မြောက်ဟက်ထရစ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် မန်ယူအသင်းအတွက် အမှတ်ပေးပွဲရာသီအဖွင့်ပွဲ စဉ်တွင် ၁၉၇၇-၇၈ နောက်ပိုင်း ပထမဆုံး ဟက်ထရစ် ဖြစ်ခဲ့သည်။

Most Read

Most Recent