အပြောင်းအရွှေ့မပိတ်သိမ်းမီ ဂျူဗင်တပ်စ်မှ စီရော်နယ်လ်ဒို ထွက်ခွာဖွယ်ရှိဟု သတင်းများထွက်ပေါ်

အပြောင်းအရွှေ့မပိတ်သိမ်းမီ ဂျူဗင်တပ်စ်မှ စီရော်နယ်လ်ဒို ထွက်ခွာဖွယ်ရှိဟု သတင်းများထွက်ပေါ်
Photo: Juventus Twitter
Photo: Juventus Twitter
Published 18 August 2021

 

နွေရာသီအပြောင်းအရွှေ့ကာလ မပိတ်သိမ်းမီ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်း မှ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒို ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ သို့သော် လတ်တလော တွင် စီရော်နယ်လ်ဒိုကို ခေါ်ယူနိုင်စွမ်းရှိသည့် ထိပ်တန်းကလပ်အသင်းများ၏ အခြေအနေကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာရန် ခဲယဉ်းကြောင်း သုံးသပ်မှုများရှိနေသည်။

အသက် ၃၆ နှစ်ရှိ စီရော်နယ်လ် ဒိုသည်  ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာ ယူရို ၃၆ သန်း ရရှိနေပြီး ၂၀၁၈ ခုနှစ်တွင် ရီးယဲလ် အသင်းမှ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ရောက်ရှိလာသည့် ၎င်း၏စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ် ဇွန်လအထိဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် လက်ရှိတွင် ဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေပြီး စီရော်နယ်လ်ဒို၏လစာငွေမှာ အသင်းအတွက် ဘဏ္ဍာရေးဟန်ချက်ညီရန် အဓိကပြဿနာတစ်ရပ် ဖြစ်နေသည်။  

ထို့ကြောင့် နှစ်ဖက်စလုံးသည် ယခုနွေရာသီ တွင် လမ်းခွဲခြင်းနည်းလမ်းကို အသုံးပြုရန် ပြင်ဆင်နေကြသည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်အနေဖြင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် စီရော်နယ်လ်ဒိုကို သက်တမ်းတိုးရန် ဆွေးနွေးခြင်းများ ပြုလုပ်ဖွယ်မရှိကြောင်း သိရသည်။  ဂျူဗင်တပ်စ်ဘုတ်အဖွဲ့ကမူ ယခုရာသီတွင် စီရော်နယ်လ်ဒို အသင်း၌ဆက်ရှိနေမည်ဟု အမြဲတမ်းပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် အတွက် ၎င်းကိုခေါ်ယူရန် ကမ်းလှမ်းခဲ့သည်ဟု သတင်းများလည်း ဖော်ပြခဲ့သည်။နာမည်ကျော်အားကစားဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက မန်စီးတီးအနေဖြင့် စီရော်နယ်လ်ဒိုကို ခေါ်ယူရန် လုံးဝမစဉ်းစားထားကြောင်း နှင့် အသင်း၏ယခုနွေရာသီအဓိကပစ်မှတ် မှာ စပါးအသင်းမှ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။ 

ထို့ပြင် PSG အသင်းမှာ မက်ဆီကို ခေါ်ယူပြီးနောက် စီရော်နယ်လ်ဒိုကို စိတ်မဝင်စားတော့ကြောင်းနှင့် ဘာပေကို ဆက်ထိန်းသွားရန်သာ ပစ်မှတ်ထားနေသည်ဟု ၎င်းက ဆိုသည်။ စီရော်နယ်လ်ဒို၏ အသင်း ဟောင်းများဖြစ်သည့် ရီးယဲလ်နှင့် မန်ယူအသင်းများအနက် မန်ယူအသင်းသည် ဆန်ချို၊ ဗာရန်းတို့ကို ခေါ်ယူပြီးနောက် ဘဏ္ဍာရေး ဟန်ချက်ညီစေရန် အသင်းကစားသမားများ ကို ကနဦးရောင်းချရန်လိုနေပြီး ရီးယဲလ်မှာမူ ဥက္ကဋ္ဌ ပီရက်ဇ်အပေါ် လုံးဝမူတည်လျက်ရှိ ကြောင်း သိရသည်။

 

Most Read

Most Recent