■ ယခုနှစ်တွင် ပြည်ပသို့သွားရောက်ကစားသည့် မြန်မာကစားသမားအရေအတွက် ခုနစ်ဦးရှိပြီး ထိုင်းလိဂ်တွင် ငါးဦးနှင့် မလေးရှားလိဂ်တွင် နှစ်ဦး ကစားနေ

■ ယခုနှစ်တွင် ပြည်ပသို့သွားရောက်ကစားသည့် မြန်မာကစားသမားအရေအတွက် ခုနစ်ဦးရှိပြီး ထိုင်းလိဂ်တွင် ငါးဦးနှင့် မလေးရှားလိဂ်တွင် နှစ်ဦး ကစားနေ
Photos : Team Facebook
Photos : Team Facebook
Published 17 August 2021

ယခုနှစ်တွင် ပြည်ပသို့သွားရောက် ကစားနေသည့် မြန်မာကစားသမားအရေအတွက် ခုနစ်ဦးရှိပြီး ထိုင်းလိဂ်တွင် ငါးဦးနှင့် မလေးရှားလိဂ်တွင် နှစ်ဦး သွားရောက်ကစာ လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူမှာ ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်း၊ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုမှာ ထိုင်းလိဂ်-၂ ကလပ် ဖာရေးယူနိုက်တက်အသင်း၊ မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းမှာ ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်း၊ တောင်ပံတိုက်စစ်ကစားသမား အောင်ကျော်နိုင်မှာ ထိုင်းလိဂ်-၃ ကလပ် Pattaya Dolphins United အသင်း၊ လူငယ် ကစားသမား စောနိုင်မိုးအောင်မှာ ထိုင်း လိဂ်-၃ ကလပ် ပတ်ထောင်စီးတီးအသင်းတွင် သွားရောက်ကစားလျက်ရှိသည်။

ထို့ပြင် မြန်မာလူငယ် တိုက်စစ်ကစားသမားများဖြစ်သည့် ဟိန်းထက်အောင်မှာ မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါအသင်းနှင့် အောင်ကောင်းမာန်မှာ ဆရီပါဟန်းအသင်းတွင် သွားရောက်ကစားနေသည်။

ထို့ကြောင့် ယခုနှစ်တွင် ပြည်ပသို့သွားရောက်ကစားသည့် မြန်မာကစားသမားအရေအတွက်မှာ ခုနစ်ဦးသာရှိပြီး ယခင်နှစ်ထက် လျော့နည်းသွားခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်းလိဂ်ပြိုင်ပွဲများမှာ စတင်ခြင်းမရှိသေးသော်လည်း ရာသီကြို အပြောင်းအရွှေ့ကာလမှာမူ ပိတ်သိမ်းသွား ပြီဖြစ်သည်။

မလေးရှားလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယအကျော့သို့ရောက်ရှိနေပြီး စက်တင်ဘာလအတွင်း ပြီးစီးဖွယ်ရှိနေသည်။

လက်ရှိတွင် ပြည်ပသို့သွားရောက်ကစားနေသည့် မြန်မာကစားသမားခုနစ်ဦးအနက် တိုက်စစ်မှူး အောင်သူနှင့် လူငယ်တိုက်စစ်မှူး ဟိန်းထက်အောင်တို့နှစ်ဦးသာ ကာလရှည်စာချုပ် ချုပ်ဆိုထားပြီး ကျန်ကစားသမားငါးဦးမှာမူ ကာလတိုစာချုပ်များသာ ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကစားသမား ခုနစ်ဦးအနက် အောင်ကောင်းမာန်မှာ အစောဆုံး စာချုပ်ပြည့်မည့်သူဖြစ်ကြောင်း သိရ သည်။

အောင်ကောင်းမာန်သည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် ဆရီပါဟန်းအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကာလတိုစာချုပ် ချုပ်ဆိုထားသည်။

ခြေစွမ်းပြကစားနေသည့် အောင်ကောင်းမာန်ကို ဆရီပါဟန်းအသင်းက စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

Most Read

Most Recent