ဖေးမမှုသာ မရှိရင်

ဖေးမမှုသာ မရှိရင်
Photos: Getty Images
Photos: Getty Images
Published 12 August 2021
AK

ဂျာကော့ဘ်ရဲ့ ဒဏ္ဍာရီဆန်ဆန်အောင်ပွဲမှာလည်း ကံတရားရဲ့ ဖေးမမှုရှိနေတယ်။ ဂရိတ်ဗြိတိန် အပြေးသမား ဇာနယ်လ်ဟုချ် တာအထွက်မှားခဲ့တာ၊ အမေရိကန်အပြေးသမား ဖရက်ဒ်ကာလေး၊ ကနေဒါအပြေးသမား အန်ဒရေဒီဂရက်ဆီတို့ အာရုံ တစ်ချက်လွတ်ခဲ့တာတွေဟာ ဂျာကော့ဘ်ကို ကံကောင်းစေခဲ့တာ၊ ဒဏ္ဍာရီအောင်ပွဲပိုင်ဆိုင်စေခဲ့တာပဲ။ ဂျာကော့ဘ်ရဲ့ အဖေက အမေရိကန်သား၊ တက္ကဆက်မှာ ရှင်သန်ကြီးပြင်းလာတာ၊ အမေရိကန်တွေဟာ အပြေးအားကစားနည်းနဲ့ ပတ်သက်ရင် ဇ ရှိပေမဲ့ ဂျာကော့ဘ် ကျင်လည်ရတဲ့နိုင်ငံဟာ အပြေးအားကစားနည်းမှာ ဇ သိပ်မရှိရာ အီတလီ နိုင်ငံပါ။ သူ့အမေ အီတလီသူရှိရာလိုက်ပြီး ဂျာကော့ဘ် ရှင်သန်ကြီးပြင်းခဲ့တာပဲ။ ပြေးခုန်ပစ်အားကစားနည်းကို ဆယ်ကျော်သက်အရွယ်က စတင်ပြီး စိတ်ဝင်တစားလေ့ကျင့်ခဲ့တယ်ဆိုပေမဲ့  Long Jump မှာပဲ ဂျာကော့ဘ် နစ်မြုပ်ခဲ့တာ၊ တာတိုအပြေးသမားတစ်ဦးဘဝကို ၂၀၁၈ ခုနှစ်ရောက်မှ ပြောင်းလာခဲ့တာ။ အမြန်ဆုံးစံချိန်တွေနဲ့  ရုန်းကန်လှုပ်ရှားမှုတွေဟာ သူနဲ့ မနီးစပ်ခဲ့ဘူး။ ဂျာကော့ဘ်ကို (၀.၀၄)စက္ကန့်နဲ့ကပ်ပြီး အရေးနိမ့်ခဲ့ရသူ အမေရိကန်အပြေးသမား ဖရက်ဒ်ကာလေးက "သူ့ကို ကျွန်တော် သေချာမသိပါဘူး။ မိုနာကိုဒိုင်းမွန်းလိဂ်မှာတုန်းက ပထမဆုံး ဆုံဖူးတယ်လို့ ထင်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူကအံ့အားသင့်ဖွယ်ရာလုပ်ပြခဲ့တာပါ" လို့ ပြောခဲ့တယ်။ ဂျာကော့ဘ်ရဲ့အောင်ပွဲဟာ သက်ဆိုင်ရာအားကစားနည်းအလိုက် ပါရမီရှိပေမဲ့ အောင်မြင်မှုရေခံမြေခံမရှိလို့ အမေ့လျော့ ခံထားရတဲ့ Underdog တွေအကြောင်း သတိပေးလိုက်သလိုပဲ။

 

Most Read

Most Recent