ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေအတွက်တော့ ပြိုင်ပွဲအပြီး ပိုမိုလှုပ်ခတ်လာဖို့ ရှိနေတဲ့ အပြောင်းအရွှေ့ စျေးကွက်အတွင်း ဥရောပစင်မြင့်ထက်ကို ပြန်လည် တိုးဝင်နိုင်မယ့်အခွင့်အရေးလို့ ဆိုရမှာပါ။ ဒါပေမဲ့ ကလပ်အသင်းတွေအနေနဲ့ ဒီနေရာမှာ သတိချပ်ရမှာက တစ်လကြာကျင်းပခဲ့တဲ့ ပြိုင်ပွဲတိုကာလအတွင်း ခြေစွမ်းပြခဲ့တိုင်း ကိုယ့်အသင်းမှာအောင်မြင်နိုင်မယ်လို့အလွယ်တကူကောက်ချက်ချမစောဖို့ပါ။ ဥပမာ- ၁၉၉၆ ယူရိုမှာခြေ စွမ်းပြခဲ့တဲ့ ချက်ကြယ်ပွင့် ပိုဘောစကီးကို မန်ချက်စတာယူနိုက်တက်က မျှော်လင့်တကြီး ခေါ်ယူခဲ့ပေမဲ့ ဒီကစားသမားက ယူနိုက်တက်မှာ ထင်သလောက် မအောင်မြင်ခဲ့ဘူး။ ၂၀၁၄ တုန်းကလည်း ကိုလံဘီယာနဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး (၅)ဂိုးအထိသွင်းနိုင်ခဲ့တဲ့ ဟားမီးစ်ရိုဒရီဂွက်စ်ကို ရီးယဲလ်တို့ ပြောင်းရွှေ့ကြေးများစွာပေးပြီး ခေါ်ခဲ့ပေမဲ့ ပထမရာသီတစ်ခုပဲ ဟားမီးစ် က ကောင်းကောင်းခြေစွမ်းပြနိုင်ခဲ့တယ်။ ဒီဥပမာတွေကိုသတိမမူမိရင် ကလပ်အသင်းတွေအတွက် အရမ်းအန္တရာယ်များတယ်။
နွေရာသီကို လှုပ်ခတ်စေဦးမယ့် ယူရိုစတားတွေ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















