■ အင်္ဂလန်နှင့်ပွဲမှ ချီလီနီ၏ လုပ်ရပ်ကို ရိုးမားနည်းပြ မော်ရင်ဟို ချီးကျူးခဲ့

■ အင်္ဂလန်နှင့်ပွဲမှ ချီလီနီ၏ လုပ်ရပ်ကို ရိုးမားနည်းပြ မော်ရင်ဟို ချီးကျူးခဲ့
Photos : Italy Team Facebook, Bleacher Report Football, Youtube
Photos : Italy Team Facebook, Bleacher Report Football, Youtube
Published 13 July 2021

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် အင်္ဂလန်နှင့်ပွဲမှ အီတလီနောက်ခံလူ ချီလီနီ၏ လုပ်ရပ်ကို ချီးကျူးခဲ့ကြောင်း သိရသည်။

ချီလီနီသည် ယင်းပွဲတွင် အင်္ဂလန်လူငယ်ကစားသမား ဆာကာကို ဆွဲခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် မော်ရင်ဟိုက ''သူက ဒီပွဲမှာ တစ်ကြိမ်တည်းသော အမှားကို လုပ်ခဲ့မိပါတယ်။ ပြန်လိုက်ဖို့ မမီနိုင်တော့တဲ့အခါ သူ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ဒါဟာ ထိပ်တန်းနောက်ခံလူတစ်ယောက်ရဲ့ အလွန်ပါးနပ်တဲ့ တားဆီးမှုပါပဲ''ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ၂၀၁၈ ခုနှစ်အတွင်းကလည်း ချီလီနီ-ဘိုနူချီအတွဲကို လူသိရှင်ကြား ချီးကျူးခဲ့ဖူးသည်။

''လီယိုနာဒိုဘိုနူချီနဲ့ ဂျော်ဂျီယိုချီလီနီတို့ဟာ ဟားဗက်တက္ကသိုလ်ကို သွားရောက်ပြီး နောက်ခံအတွင်းလူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာ သင်ကြားပေးသင့်ပါတယ်။ သူတို့ဟာ အရည်အချင်းရှိသူတွေပါ။ ကျွန်တော်က အရည်အချင်းဆိုတဲ့စကားကို Creative Player တွေကိုပဲ ပြောတာမဟုတ်ပါဘူး။ ချီလီနီ-ဘိုနူချီအတွဲကို မြင်ရတာဟာ အလွန်တရာလှပပါတယ်''ဟု မော်ရင်ဟိုက သုံးသပ်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုသည် ယခုအခါ ရိုးမားနည်းပြသစ်ဖြစ်လာသောကြောင့် ၎င်းနှစ်သက်သည့် ချီလီနီ-ဘိုနူချီအတွဲကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

Most Read

Most Recent